ကင်ဂျုံအမ်းနှင့်တွေ့ဆုံမည့် ထိပ်သီးစည်းဝေးပွဲ နှောင့်နှေးနိုင်ဟု ထရမ့်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအမ်းနှင့်အတူ စင်္ကာပူ၌ လာမည့်လတွင် တွေ့ဆုံရန်စီစဉ်ထားသော ထိပ်သီးစည်းဝေးပွဲသည် စီစဉ်ထားသည့်အချိန်အတွင်း ဖြစ်ပေါ်လာနိုင်မည့်ပုံ မပေါ်ကြောင်း အင်္ဂါနေ့ကပြောဆိုခဲ့ သည်။

“ဂျွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့စီစဉ်ထားပေမယ့် ဖြစ်ပေါ်လာနိုင်မယ့်ပုံမပေါ်ပါဘူး” ဟု ထရမ့်က ပြောဆိုခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းအနေဖြင့် နျူကလီးယားဖျက်သိမ်းမှု ကိစ္စကို အလေးထားလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေး

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ မေလ ၂၂ ရက်နေ့မှာ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး (MACC) ဌာနချုပ်ကို ရောက်လာပြီး စစ်မေးမှုကို ရင်ဆိုင်နေရပါတယ်။

သူ့ဘဏ်စာရင်းထဲကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း သံသယဖြစ်ဖွယ် လွှဲပြောင်းမှုကို ရှင်းပြဖို့ MACC က အမိန့်ထုတ်ခဲ့တာပါ။

ထိုင်းစစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် စစ်အစိုးရကို မနေ့ကဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တာ လေးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စစ်အစိုးရဆန့်ကျင်ဆန္ဒပြ ချီတက်ပွဲတရပ် မနေ့က ကျင်းပခဲ့ရာမှာ ထိုင်းရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး၊ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ရွေးကောက်ခံဝန်ကြီးချုပ် ယင်လပ် အစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့ပြီး၊ နိုင်ငံရေးအရ စုဝေးတာတွေကို တားမြစ်ခဲ့ပေမဲ့၊ နိုင်ငံတွင်းမှာ မကျေနပ်မှုတွေက တအုံ့နွေးနွေးဖြစ်နေခဲ့ပါတယ်။

မူးယစ်သမားတွေ အသက်ရှည်ချင်ရင် လာအဖမ်းခံပြီး ထောင်ထဲမှာနေဖို့ ဒူတာတေးပြော

အင်္ဂါနေ့က ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ မှုးယစ်ဆေးဝါးအမှုများနဲ့ ကျော်ကြားနေသူတွေကို အသက်ရှည်ရှည်နေချင်ရင် လာ အဖမ်းခံဖို့ ထောင်ထဲမှာနေမှ အသက်ရှည်မှာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

သမ္မတ အနေနဲ့ မည်သူမည်ဝါဆိုတာ နာမည်ထုတ်ဖေါ်ပြောဆိုတာမျိုးမဟုတ်ပေမဲ့ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆီဘူးမှာ ရှိတဲ့ မှုးယစ်ဆေးဝါးကုန်ကူးပြီး ကြွယ်ဝချမ်းသာလာသူတွေကို ရည်ညွှန်း ပြောဆိုတာဖြစ်ပါတယ်။ သူက မင်းတို့ အသက်ရှည်ရှည်နေချင်ကြသလား၊ ထောင်ထဲမှာလာနေကြ၊ အပြင်ကို မထွက်ကြနဲ့ မင်းတို့ကျန်းမာရေး အတွက် အခြေအနေမကောင်းဘူးလို့ ပြောဆိုပါတယ်။

နိုင်ငံမြို့တော်ကို အိုင်အက်စ်တို့လက်တွင်းမှ ဆီးရီးယားတပ်ဖွဲ့ ပြန်လည်သိမ်းပိုက်

ဒါမာစကပ်၊ ဆီးရီးယား၊ မေ ၂၂

ဆီးရီးယားတပ်ဖွဲ့များသည် အိုင်အက်စ်တို့လက်အောက်သို့ ကျရောက်ခဲ့သော ၄င်းတို့၏မြို့တော် ဒါမာစကပ်ကို အပြည့်အ၀ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့ကို မြို့တွင်းမှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့ပြီဖြစ်၍ တနင်္လာနေ့က အောင်ပွဲခံခဲ့ကြသည်။

သို့သော်လည်း အိုင်အက်စ်တပ်ဖွဲ့ဝင်အချို့သည် နိုင်ငံမြို့တော်တောင်ပိုင်း၌ အနည်းငယ်ကျန်ရှိနေဆဲဖြစ်သည် ဟု သိရသည်။ ဆီးရီးယားအစိုးရတပ်သားများနှင့် ပါလက်စတိုင်းမဟာမိတ် တပ်ဖွဲ့ဝင်အချို့သည် ပြီးခဲ့သော လကတည်းက ဒါမာစကပ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်။

နစ်ပါဗိုင်းရပ်စ်ကြောင့် အိန္ဒိယနိုင်ငံတွင် လူကိုးဦးသေဆုံး

လင်းနို့တွေက ဖြစ်တဲ့ ဗိုင်းရပ်စ်

 နစ်ပါဗိုင်းရပ်စ်ပိုးကြောင့် လူကိုးဦး သေဆုံးခဲ့ ကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ် ကျန်းမာ ရေးတာဝန်ရှိသူများက ပြော သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း သေဆုံးသူသုံးဦးတွင် နစ်ပါဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ ခဲ့ပြီး ကျန်သေဆုံးသူခြောက်ဦး၏ နမူနာများကို စစ်ဆေးနေသည်။

Venezuela အပေါ် ကန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro အနိုင်ရ

 

Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro က နောက်ထပ်သမ္မတသက်တမ်း ၆ နှစ် အတွက် မမှန်ကန်တဲ့နည်းနဲ့ အနိုင်ရခဲ့တယ်လို့ပြောပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ ဒဏ်ခတ်မှုတွေ တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။

တရုတ်ဒုသမ္မတ ဝမ်ကီရှန်း ရုရှားနှင့် ဘီလာရုစ်နိုင်ငံသို့ သွားမည်

ဩဇာကြီးသော တရုတ်ဒုတိယသမ္မတသစ် ဝမ်ကီရှန်း သည် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက မေလ ၂၁ ရက်တွင် ပြောကြားပြီး ၎င်းသည် မတ်လကဒုတိယသမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်သည်။
သမ္မတစီကျင်းပင်၏ အဓိကမဟာမိတ် မစ္စတာဝမ်သည် ပြီးခဲ့သည့်နှစ်က အာဏာရကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲအတွင်း အနားယူသင့်သော်လည်း စီကျင်းပင်က တရုတ်သံတမန် ဆက်ဆံရေးတွင် ထပ်ဆောင်းဩဇာလွှမ်းမိုးရန် ၎င်းကို ဆက်လက်ထားရှိသည်။

အငြင်းပွားဖွယ် အခြေအနေများနှင့်အတူ ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် သမ္မတ မာဒူရို အနိုင်ရ

ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် လက်ရှိ သမ္မတ နစ်ကိုလက်စ် မာဒူရိုက အနိုင်ရသွားခဲ့သည်။

မဲအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်၌ မာဒူရိုသည် ထောက်ခံမဲ ၆၇.၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ အဓိက အတိုက်အခံခေါင်းဆောင် ဟင်နရီ ဖယ်လ်ကွန်ကမူ မဲအရေအတွက် ၂၁.၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ထို့ကြောင့် မာဒူရိုသည် ဒုတိယ ၆ နှစ် သက်တမ်းအတွက် သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်တော့မည် ဖြစ်သည်။

အမေရိကန်နှင့်တရုတ် စီးပွားရေးကုန်သွယ်မှု ပူးတွဲကြေညာချက် ထုတ်ပြန်

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ တိုင်ပင်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး မေလ ၂၀ ရက်နေ့မှာ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ရဲ့ဖိတ်ကြားချက်နဲ့ တရုတ်ကိုယ်စားလှယ်တွေ ဝါရှင်တန်ကို ရောက်ရှိ ဆွေးနွေးပြီးနောက်မှာ အခုကြေညာချက် ထွက်လာတာပါ။

တရုတ်- အမေရိကန် ကိုယ်စားလှယ်တွေဟာ  နှစ်နိုင်ငံသမ္မတတို့ရဲ့ လမ်းညွှ်န်မှုကို အခြေခံပြီး ကုန်သွယ်ရေး ပြဿနာတွေကို အပြုသဘောဆောင် တိုင်ပင်ညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။