နစ်ပါဗိုင်းရပ်စ်ကြောင့် အိန္ဒိယနိုင်ငံတွင် လူကိုးဦးသေဆုံး

လင်းနို့တွေက ဖြစ်တဲ့ ဗိုင်းရပ်စ်

 နစ်ပါဗိုင်းရပ်စ်ပိုးကြောင့် လူကိုးဦး သေဆုံးခဲ့ ကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ် ကျန်းမာ ရေးတာဝန်ရှိသူများက ပြော သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း သေဆုံးသူသုံးဦးတွင် နစ်ပါဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ ခဲ့ပြီး ကျန်သေဆုံးသူခြောက်ဦး၏ နမူနာများကို စစ်ဆေးနေသည်။

ကော့ဇ်ဟီကိုဒီမြို့တွင် ယင်း ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခ ဏာများကြောင့် လူ ၂၅ ဦးကို ဆေးရုံတင်ခဲ့ကြောင်း တာဝန်ရှိ သူများက ပြောသည်။

တိရစ္ဆာန်များမှတစ်ဆင့် လူ သို့ ကူးစက်နိုင်သည့် နစ်ပါဗိုင်း ရပ်စ်သည် ကူးစက်ခံပါက သေဆုံးမှု ၇၀ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေး လုံးဝမဖော်နိုင်သေးပေ။

ထို့အပြင် နစ်ပါဗိုင်းရပ်စ် သည် နောက်ထပ် ကြီးကြီးမားမားပျံ့နှံ့ဖြစ်ပွားနိုင်ခြေရှိသော ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတ်မှတ်ထားသည့် ဦးစားပေးရောဂါ ၁၀ မျိုးတွင် ထိပ်ဆုံး၌ရှိနေသည်။

 လူနာများကို ပြုစုစောင့်ရှောက်သည့် သူနာပြုတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ကယ်ရာလာပြည်နယ် ကျန်းမာရေးဝန်ကြီး ရာဂျိဗ်ဆာဒါနန်ဒန်က ဘီဘီစီသတင်းဌာနအား ပြောသည်။

 ‘‘အတည်ပြုဖို့အတွက် မသင်္ကာဖွယ်ရာဖြစ်စဉ်အားလုံးရဲ့ သွေးနဲ့ ခန္ဓာကိုယ်အရည်ကြည် နမူနာတွေကို ပူနေမြို့မှာ ရှိတဲ့ ဗိုင်းရပ်စ်ပိုးဆိုင်ရာ အမျိုးသားအဖွဲ့အစည်းဆီ ပေးပို့ထားပါတယ်။ အခုထိတော့ သုံးယောက်က နစ်ပါဗိုင်းရပ်စ် ပိုးကြောင့် သေဆုံးတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်’’ဟု ဆာဒါနန်ဒန်က ပြောကြားပြီး ယင်းဗိုင်းရပ်စ်မပြန့်ပွား စေရေး ကြိုတင်ကာကွယ်မှုများကို အာရုံစိုက်နေသည်ဟု ဆုသည်။

လင်းနို့၊ လင်းဝက်များကို ယင်းဗိုင်းရပ်စ် မူလစတင်ရာ တိရစ္ဆာန်များအဖြစ် အဓိကယူဆထားသည်။

ဗိုင်းရပ်စ်ကြောင့် မသင်္ကာဖွယ် လူသုံးဦးသေဆုံးခဲ့သော နေအိမ်တွင် လင်းနို့၊ လင်းဝက်များ ကိုက်ထားသော သရက်သီးများ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားသည်။      

         

—Ref: BBC