ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် အီကွေဒေါ နိုင်ငံတကာရေးရာဝန်ကြီး ဂရေ့စ်ရွေးချယ်ခံရ


ဂျီနီဗာ ဇွန် ၆

အီကွေဒေါနိုင်ငံမှ နိုင်ငံတကာရေးရာ ဝန်ကြီးတစ်ဦးဖြစ်သူ မစ္စဖာနန်ဒါ အက်စ်ပီနိုစာ ဂရေ့စ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥက္ကဋ္ဌအဖြစ် အင်္ဂါနေ့က ရွေးချယ်ခဲ့ကြောင်း သိရ သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂအထွေထွေညီလာခံသည် မူဝါဒချမှတ်မှုအပိုင်းတွင် အဆင့်အမြင့် ဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ယင်းကဲ့သို့ အရေးပါသောနေရာတွင် အမျိုးသမီးတစ်ဦးကို ခန့်အပ်ခြင်းမှာ ကုလသမဂ္ဂသမိုင်းတွင် စတုထ္ထအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။

အီရတ် လုံခြုံရေး တပ်ဖွဲ့ က နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၃ ဦး အား ပစ်ခတ်ရှင်းလင်း

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ အထူး တပ်ဖွဲ့ဝင် တစ်ဦး တိုက်ပွဲဝင် နေသည် ကို မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇွန် ၆ ရက်

သွင်းကုန်အခွန်ကောက်ခံမှု အမေရိကန်နှင့် မက္ကစီကိုတို့ဆွေးနွေး

ဝါရှင်တန်၊ ဇွန် ၆

မက္ကစီကိုနိုင်ငံခြားရေးဝန်ကြီး လုဇ်ဗီဒီဂါရေးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေတို့သည်  မက္ကစီကို၏ ပို့ကုန်များအပေါ် သွင်းကုန်အခွန်   ပြန်လည်စည်းကြပ်ကောက်ခံမည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မက္ကစီကို၏ သံမဏိ နှင့် အလူမီနီယံပို့ကုန်များအပေါ် သွင်းကုန်အခွန်ကောက်ခံမည့် အိမ်ဖြူတော်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ သမ္မတ နဲ့ ၀န်ကြီးချုပ် အကြား တင်းမာမှု ကြီးထွား

(ပုံ – သီရိလင်္ကာ သမ္မတ Sirisena )

သီရိလင်္ကာနိုင်ငံမှာ ၀န်ကြီး ချုပ် Ranil Wichremesinge ရဲ့ မိသားစုပိုင်တဲ့ TV ဌာနကို သမ္မတ Sirisena က ဒီနေ့ ပိတ်ပစ်လိုက်တာကြောင့် အစိုးရအဖွဲ့အတွင်း အားပြိုင်မှုတွေ ပိုပြီး ကြီးထွားလာနေပါတယ်။

ဆန္ဒပြမှုများအပြင် ဘုရင်ကိုယ်တိုင် တောင်းဆိုမှုကြောင့် ဂျော်ဒန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြင်းထန်လာသည့်နောက် ဂျော်ဒန် ဝန်ကြီးချုပ် ဟာနီ မူလ်ကီသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

လောင်စာဆီဈေးနှင့် အခြားသော ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းကြောင့် ပြည်သူ့ထောက်ခံမှု ကျဆင်း လာချိန်တွင် အခွန်စည်းကြပ်မှုများ မြှင့်တင်ရန် မူလ်ကီက ကြိုးစားလာသည့်နောက် ပြည်သူများက ဒေါသတကြီး တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအမျိုးသမီးတွေ မော်တော်ကားမောင်းခွင့် တရားဝင်စရ

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကားမောင်းခွင့်ကို တားမြစ်တဲ့ တခုထည်းသော နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက သူတို့ရဲ့ တားမြစ်ချက်ကို ဒီလကုန်လောက်မှာ ဖယ်ရှားပစ်တော့မှာမို့ အခု အမျိုးသမီးတွေကို ကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ လက်ဘနွံနဲ့ ကနေဒါအပါအဝင် တခြားနိုင်ငံတွေမှာ လိုင်စင်ရထားပြီးသား အမျိုးသမီးတွေကို ဆော်ဒီကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း တနင်္လာနေ့မှာ ဆော်ဒီအာရေဗျ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသမီးတွေဟာ လိုင်စင် အသစ်ရဖို့ ကားမောင်းလိုင်စင် စာမေးပွဲကို အရင် ဖြေဆိုရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဂွာတီမာလာ၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ဦးအထိ မြင့်တက်

ဂွာတီမာလာစီးတီး၊ ဇွန် ၅

ဂွာတီမာလာနိုင်ငံ၌ တနင်္ဂနွေနေ့ကပေါက်ကွဲခဲ့သော ဖွေဂိုမီးတောင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၆၅ ဦး အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာခဲ့ကြသည်။

နိုင်ငံမြို့တော်မှ ၃၁မိုင်ခန့်ကွာဝေးသော အရပ်တွင်ရှိသော ယင်းမီးတောင်ကြီးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရသူ ၄၆ ဦးအထိရှိခဲ့ပြီး လူပေါင်း ၁၈၇၇ ယောက်ခန့်ကို ဘေးလွတ်ရာ၌ ယာယီနေရာ ချပေးထားကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဒီလီယွန်က ဆိုခဲ့သည်။

ဇွန် ၁၂ နံနက် ၉ နာရီ ထရမ့်-ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဟု အတည်ပြု

သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ပထမဆုံး ထိပ်သီးအစည်းအဝေး ကို စင်ကာပူတွင် ဇွန် ၁၂ ရက် နံနက် ကိုးနာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန် ၄ ရက်၌ အိမ်ဖြူတော်က အတည်ပြုပြောသည်။

လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းပါဝင်မှုမြှင့်တင်မည်

လူကုန်ကူးမှု တိုက်ဖျက် နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ (IATA)က ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့ပြီး လေယာဉ် အမှုထမ်းများအနေဖြင့် သံသယရှိဖွယ် အမှုအခင်းများ ကြုံလာပါက မည်သို့လှုပ်ရှားဆောင်ရွက်ရ မည်ဖြစ်ကြောင်း လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့သည်။

 လူမှောင်ခိုကူးခြင်းသည် ကမ္ဘာ့ရာဇဝတ်မှု လောကတွင် အလျင်အမြန်မြင့်တက်လာနေပြီး မူးယစ်ဆေးဝါး ကုန်သွယ်ရေးပြီးလျှင် ဒုတိယအများဆုံး ရာဇဝတ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ဆီးရီးယားသမ္မတ အာဆတ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

ဇွန် ၎

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်တို့ တွေ့ဆုံဖို့ ရှိကြောင်း ပြုံယမ်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန်လ ၃ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ခေါင်းဆောင် ကင်မ်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားဆီ လာရောက်ဖို့ စီစဉ်နေပြီဖြစ်တယ်ဆိုပြီး ဆီးရီးယားသမ္မတ ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြပါတယ်။