အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က အချက်အလက်ပေါက်ကြားမှုဖြစ်စဉ်တွင် အမှားအယွင်းရှိခဲ့ကြောင်း ဝန်ခံ

ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က နိုင်ငံရေး ရည်မှန်ချက်များ အတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။

ဖေ့စ်ဘွတ်ခ် သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် ရာထူးမှနုတ်ထွက်

အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ရဲ့ သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် အဲလက်စ် စတာမို့စ်ဟာ ရာထူးကနေ နုတ်ထွက်သွားပြီလို့ နယူးယောက်တိုင်းမ်စ် သတင်းစာက မတ်လ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့ ဖေ့စ်ဘွတ်ခ်ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်းတွေရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ်က အခုလို ဖော်ပြလိုက်တာပါ။

မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပြစ်ဒဏ်ပေးနိုင်ရန် ထရမ့်ကြိုးပမ်း

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၀

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံအတွင်းမူးယစ်ဆေးဝါးများ လျင်မြန်စွာပျံ့နှံ့လာမှုကို ဆန့်ကျင်တိုက်ဖျက်မည့် သူ၏အစီအစဉ်များထဲမှတစ်ခုအဖြစ် မူးယစ်ဆေးဝါး မှောင်ခိုသမားများကို သေဒဏ်ပြစ် ဒဏ်ချမှတ်နိုင်မည့် အစီအစဉ်တစ်ခုကို တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးမှောင်ခိုသမားများကို သင့်လျော်စွာပြစ်ဒဏ်ချမှတ်နေသည့် ဥပဒေတစ်ခု လက်ရှိအချိန်တွင် ရှိနေသော်လည်း အကြီးလေးဆုံးပြစ်ဒဏ်ချမှတ်သွားနိုင်ရန်အတွက် ဒေါ်နယ်ထရမ့်က မူးယစ်ဆေးဝါးပဋိပက္ခကို အများဆုံးခံစားနေရသော နယူးဟမ့်ရှိုင်းယားပြည်နယ် မန်ချက်စတာမြို့၌ မိန့်ခွန်းပြောကြားခဲ့စဉ်တွင်  ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

စာသင်ကျောင်းမြေ အရောင်းအ၀ယ်ကိစ္စ ၀န်ကြီးချုပ် ရှင်ဇိုအဘေး ဇနီး ပါဝင်ပတ်သက်နေဟု ဝေဖန်

Photo: Reuters

 

ဂျပန်နိုင်ငံမှာ စာသင်ကျောင်းမြေ အရောင်းအ၀ယ်ကိစ္စ တစ်ခုမှာ ၀န်ကြီးချုပ် ရှင်ဇိုအဘေး ရဲ့ဇနီးဖြစ်သူ ပါဝင်ပတ်သက်နေတယ်လို့ လွှတ်တော်မှာ အတိုက်အခံ အမတ်တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေး ရဲ့ ဇနီးဖြစ်သူ နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ ထိပ်တန်းအရာရှိ တွေ လွှတ်တော်ကို ဆင့်ခေါ်ပြီး စစ်ဆေးသင့်တယ်လို့လည်း တောင်းဆိုနေကြပါတယ်။

အူဘာ မောင်းသူမဲ့ကားဖြင့် တိုက်မိပြီး အမျိုးသမီးတဦး သေဆုံး

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့က အူဘာ (Uber) မောင်းသူမဲ့ ကားတစီးနဲ့ တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် တမ်ပီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ မောင်းသူမဲ့ကားကြောင့်     ပထမဦးဆုံးအကြိမ် လူသေမှု ဖြစ်ပါတယ်။

ဒီ့အတွက် အူဘာကုမ္ပဏီက အမေရိကန်ရှိ ပြည်နယ်တချို့နဲ့ ကနေဒါမှာ စမ်းသပ်နေတဲ့ မောင်းသူမဲ့ ကားအစီအစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဆစ်ဒနီတွင် အာဆီယံခေါင်းဆောင်များတွေ့ဆုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့အား ဆန္ဒပြ

ဆစ်ဒနီ၊ မတ် ၁၆

စီးပွားရေးနှင့် လုံခြုံရေးချိတ်ဆက်မှုများအတွက် တွေ့ဆုံစည်းဝေးကြရန် ဒေသတွင်း အိမ်နီးချင်းများဖြစ်သော အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် သြစတြေးလျတွင် ပထမဆုံးကျင်းပသည့် အစည်းအဝေးအတွက် စတင်ရောက်ရှိကြပြီဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများ အာဆီယံအဖွဲ့ကြီး၏ ခေါင်းဆောင်များအနေဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မဟုတ်ဘဲ ပြင်ပတစ်နိုင်ငံတွင် ကျင်းပသည့် ရှားရှားပါးပါး အစည်းအဝေးလည်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဆွီဒင်နိုင်ငံ ထွက်ခွါ

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ စေ့စပ်ဆွေးနွေးပွဲကိစ္စ ဆွေးနွေးဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို ထွက်ခွာသွားပါတယ်။

ပစ္စည်း မူပိုင်ခွင့်ကို တရုတ်က ခိုးယူနေတာကို ထရမ့် အရေးယူမည်

Photo: President Donald J. Trump – facebook

 

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ကို တရုတ်နိုင်ငံက ခိုးယူရယူနေတာကို မကြာခင် ကိုင်တွယ်ဖြေရှင်းခွင့်ရတော့မယ်လို့ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Peter Navarro က မနေ့က ပြောကြားလိုက်ပါတယ်။

အလွှာစုံပါဝင်မယ့် ထိုင်းနိုင်ငံရေးပါတီသစ်

နိုင်ငံရေးပါတီသစ်ထောင်လိုက်တဲ့ ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီး Thanathorn Juangroongruangkit

( မတ် ၁၅-၂၀၁၈)

ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီးတဦးဖြစ်တဲ့ Thanathorn Juangroongruangkit က Future Forward ပါတီလို့ အဓိပ္ပါယ် ရတဲ့ Anakot Mai ဆိုတဲ့ နိုင်ငံရေးပါတီသစ် တခုကို ထူထောင်တဲ့အကြောင်း ကြာသပတေးနေ့ က ကြေညာပါတယ်။

လက်နက်ကိုင်အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အမေရိကန်အနှံ့က ကျောင်းသားများက စာသင်ခန်းများမှ အပြင်ထွက်ကာ သပိတ်ဆင်နွှဲ

ဝါရှင်တန်၊ မတ် ၁၅

ပြီးခဲ့သည့်လက ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းဝင်းအတွင်း လက်နက်ကိုင် ထင်ရာစိုင်းပစ်ခတ်သည့် သေဆုံးမှုများသော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လက်နက်ကိုင် အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အရေးယူဆောင်ရွက်ပေးနိုင် အမေရိကန်နိုင်ငံတစ်ဝန်းက ကျောင်းသားများက စာသင်ခန်းများမှ ထွက်ကာ အရေးဆိုမှုများကို မတ် ၁၄ ရက်က ဆင်နွှဲကြသည်။