ဖေ့စ်ဘွတ်ခ် သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် ရာထူးမှနုတ်ထွက်

အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ရဲ့ သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် အဲလက်စ် စတာမို့စ်ဟာ ရာထူးကနေ နုတ်ထွက်သွားပြီလို့ နယူးယောက်တိုင်းမ်စ် သတင်းစာက မတ်လ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့ ဖေ့စ်ဘွတ်ခ်ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်းတွေရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ်က အခုလို ဖော်ပြလိုက်တာပါ။

ဖေ့စ်ဘွတ်ခ်အနေနဲ့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို မပြန့်ပွားအောင် ဘယ်လိုကိုင်တွယ် လုပ်ဆောင်မလဲ ဆိုတဲ့အပေါ် ကုမ္ပဏီအတွင်းမှာ သဘောထားကွဲတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် စတာမို့စ် ရာထူးကနေ နုတ်ထွက်သွားတာလို့လည်း နယူးယောက်တိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။

-Ref; DVB News