အစ္စရေးတို့ရဲ့ သံန္နိဌာန်ကိုလာမစမ်းနဲ့ဟု အီရန်ကို နီတန်ယာဟုသတိပေး

မြူးနစ်၊ ဂျာမနီ၊ ဖေဖေါ်ဝါရီ ၁၉

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုက ဆီးရီးယားနိုင်ငံအတွင်းသို့ အီရန်နှင့် သူ၏ကိုယ်စားပြုအဖွဲ့များ ကျူးကျော် ၀င်ရောက်လာမှုနှင့်ပက်သက်၍ အီရန်အစိုးရအား သတိပေးလိုက်ပြီး အစ္စရေးအနေဖြင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့်အလုပ်ကို လုပ်မည်မဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြောဆိုခဲ့သည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ပြုလုပ်ခဲ့သော လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်ခိုက် နီတန်ယာဟုသည် အီရန်အစိုးရအဖွဲ့မှ အာဏာရှင်များကို သတင်းစကားပါးလိုက်သည်ဟု ရည်ရွယ်ပြောဆိုကာ “အစ္စရေးတို့ရဲ့ သံန္နိဌာန်ကိုလာမစမ်းနဲ့” ဟု သတိပေးခဲ့သည်။

နှစ် ၁၀၀၀ ကျော်သက်တမ်းရှိ တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မီးလောင်

တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာရှိ နာမည်ကျော် ဇုဟန်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ဇုဟန်း ဘုန်းတော်ကြီးကျောင်းဟာ ယူနက်စကို အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တခုဖြစ်ပြီး နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတယ်လို့ တိဘက်ဒေးလီး သတင်းဌာနက  ဆိုပါတယ်။

အမေရိကန်အခြေစိုက် ရုရှားသတင်းဌာန ပြည်ပအေးဂျင့်အဖြစ် မှတ်ပုံတင်

အမေရိကန်အခြေ စိုက် ရုရှားသတင်းဌာနဖြစ်သော RIA Global LLC သည် အမေရိကန်တရားရေးဌာနထံ ပြည်ပ အေးဂျင့်အဖြစ် မှတ်ပုံတင်ခဲ့ပြီး ယင်းမှာ နိုဝင်ဘာက အမေရိကန် အစိုးရ၏ ဖိအားပေးခြင်းခံရပြီးနောက် မှတ်ပုံတင်သည့် ရုရှားနှင့် ဆက်နွှယ်သော စတုတ္ထမြောက် မီဒီယာကုမ္ပဏီဖြစ်သည်။

ရုရှားနိုင်ငံပိုင် သတင်းဌာန ဖြစ်သော Sputnik အတွက် အာဘော်ထုတ်လွှင့်ပေးနေသော RIA Global သည် ပြည်ပအေးဂျင့် မှတ်ပုံတင်အက်ဥပဒေ (FARA) အရ ဖေဖော်ဝါရီ ၁၆ ရက်က မှတ်ပုံတင်ခဲ့သည်။

အဂတိ လိုက်စားမှုများကို တိုက်ဖျက်သွားမည်ဟု တောင်အာဖရိက သမ္မတသစ် ကတိပြု

တောင်အာဖရိက သမ္မတသစ် ဆိုင်ရဲလ် ရာမာဖိုဆာက နိုင်ငံ၏ အဂတိ လိုက်စားမှု ပြဿနာကို အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်ကတည်းက သမ္မတအဖြစ် ရှိနေခဲ့သည့် ဂျက်ကော့ဘ် ဇူးမားသည် အဂတိ လိုက်စားမှု စွပ်စွဲချက်များနှင့် ဆက်တိုက် ဝေဖန်ခံခဲ့ရသည့်နောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၎င်း၏ နေရာကို ဒုတိယ သမ္မတ ရာမာဖိုဆာက ဆက်ခံခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီမဲရှုံး၍ နီပေါဝန်ကြီးချုပ် နုတ်ထွက်

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၅

နီပေါဝန်ကြီးချုပ်သည် ၎င်း၏ပါတီက လွှတ်တော်ရွေးကောက်ပွဲတွင် မဲရှုံးပြီးနောက် နုတ်ထွက်လိုက်ရရာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ရန် ရှိနေသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာက ရွေးကောက်ပွဲ အပြီးသတ် ရလဒ်ထွက်လာပြီးနောက်တစ်ရက်တွင် ဝန်ကြီးချုပ် ရှားဘာဟာဒေါဒူးဘားက ရာထူးက နုတ်ထွက်ကြောင်း ကြေညာခြင်း ဖြစ်သည်။

ရောမတွင် ဧရာမ မြေကျွံချိုင့်ကြီး ဖြစ်ပေါ်ခဲ့ပြီး မိသားစု ၂၀ ကျော်ကို ပြောင်းရွှေ့ပေးခဲ့

အီတလီနိုင်ငံ၊ ရောမမြို့တော်တွင် ဧရာမ မြေကျွံချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သဖြင့် မိသားစု ၂၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ရောမရှိ ဘယ်လ်ဒူအီနာ ရပ်ကွက်တွင် အလွန်ကြီးမားပြီး ပေ ၃၀ မျှ နက်ရှိုင်းသည့် ကျင်းချိုင့်ကြီးတစ်ခု ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ နေရာတွင် ရပ်ထားသည့် ကားများပါ ချိုင့်ထဲ ပြုတ်ကျပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်မှုများကို ထောင်တွင်းမှ ကြိုးကိုင်မှုဖြင့် ဘာသာရေးဆရာကို အင်ဒိုနီးရှား စွဲချက်တင်

အင်ဒိုနီးရှား တရားရုံးဟာ အစ္စလာမ်ဘာသာရေးဆရာတဦးကို အကြမ်းဖက်မှုတွေ ကြိုးကိုင်မှုနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။

အမန် အဗ္ဗဒူရာမန်ဆိုသူ ဘာသာရေးဆရာဟာ ၂၀၁၆ ခုနှစ်က လူအသေအပျောက်များတဲ့ အသေခံဗုံးခွဲမှု အပါအဝင် အကြမ်းဖက်မှုတွေကို အကျဉ်းထောင်ထဲက ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွပ်ချက်တွေနဲ့ စွဲချက် တင်ခံရတာပါ။

ကင်မ်ဂျုံအန်း၏ ညီမကို ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခဲ့ဟု အမေရိကန် ဒုသမ္မတဆို

ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမကို ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတ၏ ဖိတ်ကြားမှုကြောင့် ဖြောင်ချန်း ဆောင်းရာသီ အိုလံပစ်သို့ တက်ရောက်ခဲ့သည့် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့တွင် ကင်မ်ဂျုံအန်း၏ ညီမအရင်းဖြစ်သူ ကင်မ်ယိုဂျောင်လည်း လိုက်ပါလာသည်။

တရုတ်ဖုံးတွေ မသုံးဖို့ ကန် ထောက်လှမ်းရေး သတိပေး

တရုတ်ပြည်ကထုတ်လုပ်တဲ့ Huawei နဲ့ ZTE လက်ကိုင်စမတ်ဖုံးတွေဟာ လုံခြုံရေး အန္တရာယ် ကြီးမားတဲ့ အတွက် အမေရိကန်ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်းမပြုကြပါနဲ့လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA စီအိုင်အေ၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့ NSA နဲ့ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ထိပ်တန်းအရာရှိတွေက သတိပေး လိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ရှေ့မှောက် ကြားနာပွဲမှာ အခုလို သူတို့က ထွက်ဆိုပြောကြားခဲ့ကြတာပါ။

ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

သေနတ်သမားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်လာစဉ်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းထုတ်ခံရသည့် ကျောင်းသားဟောင်း တစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။