ရုရှား၌ လေယာဉ်တစ်စီးပေါ် မီးလောင်မှုကြောင့် ခရီးသည်များကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရ

ရုရှား၌ ခရီးသည်တင် လေယာဉ်တစ်စီးတွင် မီးလောင်မှုကြောင့် ခရီးသည်များကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီ ၃၁ ရက်က ဖြစ်စဉ်တွင် Aeroflot လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် SU1183 လေယာဉ်ပေါ်၌ မတော်တဆ မီးလောင်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်ရှိ ဖုန်းဓာတ်အားသွင်းသော နေရာမှ မီးစလောင်ပြီး မီးခိုးလုံးများ အူထွက်နေပုံကို ခရီးသည် အချို့က ဖုန်းဖြင့် ဗီဒီယို မှတ်တမ်းတင်ထားခဲ့သည်။

ကျူးဘားသမ္မတဟောင်း ဖီဒယ်ကတ်စ်ထရို၏ သားဖြစ်သူ မိမိကိုယ်မိမိအဆုံးစီရင်

ဟာဗားနား၊ ကျူးဘား၊ ဖေဖေါ်ဝါရီ ၂

ကွယ်လွန်သူ ကျူးဘားသမ္မတဟောင်း ဖီဒယ်လ်ကတ်စ်ထရို၏ အကြီးဆုံးသားဖြစ်သူသည် စိတ်ကျရောဂါ ဝေဒနာအား လပေါင်းများစွာကြာအောင် ကုသမှုခံယူနေခဲ့ပြီးနောက် ကြာသာပတေးနေ့က မိမိကိုယ်မိမိ အဆုံးစီရင် သွားခဲ့ကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းဌာနက သတင်းတင်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းမီဒီယာ၏ အဆိုအရ ဖီဒယ်လ်ကတ်စ်ထရို ဒိုင်ယက်ဇ်ဘယ်လာ့တ် သည် စိတ်ကျရောဂါကို အလွန်အမင်း ခံစားနေခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဟု သိရသည်။

အမေရိကန်၏ ခေတ်ကာလသစ် တစ်ခုသို့ ပြောင်းလဲသွားမည်ဟု ထရမ့်ကြွေးကြော်

အမေရိကန် တစ်နိုင်ငံလုံးကို လိပ်မူပြီး ပြောကြားခဲ့သည့် မိန့်ခွန်း၌ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်၏ ခေတ်ကာလသစ် တစ်ခုသို့ ပြောင်းလဲ ဝင်ရောက်သွားမည်ဟု ကြွေးကြော်ခဲ့သည်။

ထရမ့်၏ မိန့်ခွန်းထဲတွင် ကဏ္ဍအတော်များများ ဆက်စပ် ပါဝင်ခဲ့ပြီး နိုင်ငံရေး ကဏ္ဍတွင် အမြင်ကွဲပြားသူများ ပိုမို ပူးပေါင်း အလုပ်လုပ်ရန်လည်း တိုက်တွန်းသွားခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတက မိမိသည် ဒီမိုကရက်များနှင့် ယှဉ်တွဲ အလုပ်လုပ်ရန် လက်ကမ်း ကြိုနေမည်ဟု ဆိုသည်။

မျောက်တွေကို စမ်းသပ်မှုကြောင့် ဗောက်စ်ဝက်ဂွန် အရာရှိ အရေးယူခံရ

ထိပ်တန်း တာဝန်ရှိသူ တစ်ဦးကို ရာထူးကနေ ဆိုင်းငံ့

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ငွေကြေးထောက်ပံ့တဲ့ စမ်းသပ်မှု တချို့မှာ မျောက်တွေကို ဒီဇယ် ဓာတ်ငွေ့တွေ လွှတ်ပြီး ရှူခိုင်းတာမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ အချက် ထွက်ပေါ် လာခဲ့ပြီး၊ နိုင်ငံတကာရဲ့ ဝေဖန် ရှုတ်ချသံတွေ ဆူညံ လာခဲ့တဲ့ နောက် အခုဆိုရင် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးကို ကုမ္ပဏီက ရာထူးကနေ ဆိုင်းငံ့ လိုက်ပါတယ်။

ရုရှ တချို့ ကို အမေရိကန် ပိတ်ဆို့မှု ချမှတ်

ရုရှားနိုင်ငံရဲ့ ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ ရုရှားအစိုးရက ပြော

ရုရှား အစိုးရက တားနေတဲ့ကြားက အမေရိကန်က သူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ရုရှား စီးပွားရေး ခေါင်းဆောင်တွေနဲ့ ရုရှား ထိပ်တန်း အစိုးရပုဂ္ဂိုလ်တွေကို ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

ကင်ညာ၌ အတိုက်အခံခေါင်းဆောင်ကို သမ္မတအဖြစ် ဟန်ပြ တင်မြှောက်

နိုင်ရိုဘီ ဇန်နဝါရီ ၃ဝ

ကင်ညာနိုင်ငံ၌ ”ပြည်သူ့သမ္မတအဖြစ်” ရေလာအိုဒင်ဂါက ဟန်ပြကျမ်းသစ္စာကျိန်ဆိုမည့် အခမ်းအနားတစ်ရပ်ကို မြို့တော် နိုင်ရိုဘီရှိ ပြည်သူ့ဥယျာဉ်၌ ဇန်နဝါရီ ၃ဝ ရက်က ပြုလုပ်ရန် စီစဉ်ထားရာ အာဏာပိုင်များက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနနှင့် အသံလွှင့်ရုံတို့ကို ပိတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

မော်စကို၌ ပူတင်နှင့် နီတန်ယာဟုတို့ ဆီးရီးယားနှင့်အီရန်အရေး ဆွေးနွေး

မော်စကို၊ ရုရှား၊ ဇန်န၀ါရီ ၃၀

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုတို့သည် ဆီးရီးယားပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အီရန်နိုင်ငံ၏အခန်းကဏ္ဍတို့ကို မော်စကိုမြို့၌ တနင်္လာနေ့တွင် ပြောဆို ဆွေးနွေးခဲ့ကြသည်။

ဒါ့အပြင် နိုင်ငံခေါင်းဆောင်နှစ်ဦးသည် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသလို ဆီးရီးယားပြည်တွင်းရေး၊ အစ္စရေး နှင့်ပါလက်စတိုင်းကြားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အပါအ၀င် နိုင်ငံတကာနှင့် ဒေသတွင်းပြသနာများကို အလေးထားပြောဆိုခဲ့ကြကြောင်း ရုရှားအစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန် စစ်လေယာဉ်နှင့် ငါးပေမျှ အကွာထိ ရုရှားတိုက်လေယာဉ် ချဉ်းကပ်ခဲ့ဟု အမေရိကန်စွပ်စွဲ

ရုရှား တိုက်လေယာဉ် တစ်စီးသည် အမေရိကန် စစ်လေယာဉ် တစ်စီးနှင့် ငါးပေ အကွာထိ အလွန်နီးကပ်စွာ ချဉ်းကပ် ပျံသန်းခဲ့ကြောင်း အမေရိကန် စစ်ဘက်က စွပ်စွဲ ပြောကြားလိုက်သည်။

အာဖဂန် စစ်သင်တန်းကို တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် ကြေညာ

အာဖဂန် နစ္စတန်တွင် စစ်သင်တန်း အကယ်ဒမီ တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့မှုမှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် အကြမ်းဖက် အုပ်စုက ကြေညာခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်က ကဘူးလ်မြို့တော်ရှိ စစ်စခန်း တစ်ခုကို လက်နက်ကိုင်များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် အနည်းဆုံး ၅ ဦး သေဆုံးသည်ဟု တာဝန်ရှိသူများက ပြောကြားထားသော်လည်း အာဖဂန် အခြေစိုက် Tolo သတင်းဌာနကမူ စစ်ဘက်အရာရှိ ၁၁ ဦး သေဆုံးကြောင်း ဖော်ပြခဲ့သည်။