တရုတ်အမျိုးသားတစ်ဦး iPhone ဘက်ထရီကို သွားဖြင့်ကိုက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွား

တရုတ်နိုင်ငံတွင် iPhone ဘက်ထရီ အပိုရှာနေသော အမျိုးသားတစ်ဦးသည် ဘက်ထရီကို သွားဖြင့် ကိုက်ခဲ့ ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အံ့အားသင့် တုန်လှုပ်ခဲ့ရကြောင်း Taiwan News က ဖော်ပြသည်။

ဇန်နဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဆိုသော ယင်းမတော်တဆ ဖုန်းဘက်ထရီ ပေါက်ကွဲသည့် ဗီဒီယိုဖိုင်သည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

ကဘူးလ်ရှိ ဟိုတယ် စီးနင်းမှုတွင် သေနတ်သမားများက နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထားခဲ့

ကဘူးလ်ရှိ ဟိုတယ်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည့် သေနတ်သမားများသည် နိုင်ငံခြားသားများကို အဓိကထား သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ညနေပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ အင်တာကွန်တီနန်တယ်လ် ဟိုတယ်ထဲသို့ သေနတ်သမားများ ရုတ်တရက် ဝင်ရောက်လာ ပြီးနောက် တည်းခိုနေသည့် ဧည့်သည်များကို ပစ်ခတ်ခဲ့သည်။ မျက်မြင် တစ်ဦးကမူ သေနတ်သမားများသည် နိုင်ငံခြားသားများ မည်သည့်နေရာတွင် ရှိနေသည်ကို အော်ဟစ် မေးမြန်းခဲ့ကြောင်း ဆိုသည်။

အမေရိကန် မဟာမိတ် ကာ့ဒ်ပြောက်ကျားများကို တိုက်ခိုက်ရန် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စဝင်

အမေရိကန်၏ မဟာမိတ် ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တူရကီ တောင်ပိုင်း နယ်နိမိတ်နှင့် ထိစပ်နေသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ YPG ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်များကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီက စတင် တိုက်ခိုက်လာခဲ့သည်။ ကနဦး အဆင့်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို YPG၏ စစ်ဘက် အခြေစိုက် စခန်းနေရာများကို လေကြောင်းမှပါ ဗုံးကြဲခဲ့သည်။

အသုံးစရိတ်ငွေပြတ်သွားလို့ အမေရိကန် အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်း

Photo: Donald J. Trump – twitter

 

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ သောကြာနေ့က အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ငွေ ထပ်တိုး ပေးဖို့ သဘောတူညီချက် မရရှိတာကြောင့် ဌာနဆိုင်ရာလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာနဲ့ ပတ်သက်ပြီး ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ နာတာရှည်ရောဂါကြောင့်ဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းမှာ ဆောင်းပါးရှင် လူချမ်း က ရေးသားပါတယ်။

ကမ္ဘာတစ်ဝန်း ခေါင်းဆောင်မှုစစ်တမ်းတွင် တရုတ်က အမေရိကန်ကို ကျော်တက်

Gallup World Poll အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ အမေရိကန်ခေါင်းဆောင်မှုအပေါ် ပျမ်းမျှသဘောကျလက်ခံမှု နှုန်း ၃၀ ရာခိုင်နှုန်းရှိပြီး တရုတ် အတွက် ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်အပေါ် သဘောကျလက်ခံမှုနှုန်းသည် ယခင် သမ္မတအိုဘားမားလက်ထက်က ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၈ ရာခိုင် နှုန်းလျော့ကျသွားပြီး အမြဲတမ်း အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့ကြောင်း Gallup အဖွဲ့၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။

ရုရှားနိုင်ငံက ရွေးကောက်ပွဲ မဲဆွယ်ရေးဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

Photo: Vladimir Putin – twitter

 

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ အတိုက်အခံခေါင်းဆောင် အလက်ဇီ လာဗယ်နီ ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေး ဌာနကို ရဲတပ်ဖွဲ့က မနေ့က ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

မြောက်ကိုရီးယား လောင်စာဆီရရှိအောင် ရုရှားက ကူညီနေဟု ကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

Photo: AFP

နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတဲ့ မြောက်ကိုရီးယားကို လောင်စာဆီ ရရှိအောင် ရုရှားက ကူညီနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကိုပါ ရောက်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်နည်းပညာ တိုးတက်လာအောင် နေ့စဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဘရာဇီးလ်တွင် ခရီးသွားလာရေးစရိတ် မြင့်တက်မှုကြောင့် လူထု ဆန္ဒပြ

ဘရာဇီးလ်နိုင်ငံ ဆောင်ပေါ်လိုမြို့မှာ ခရီးသွားလာရေးစရိတ်တွေ ရုတ်တရက် မြင့်တက်သွားတဲ့အတွက် ဇန်န၀ါရီ ၁၇ ရက်က လူထု လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဘဏ်တခုကို တိုက်ခိုက်တာနဲ့ ဘတ်စ်ကားလမ်းကို ပိတ်တာတွေ လုပ်ခဲ့ကြပါတယ်။

တိုင်းပြည်စီးပွားရေး နိမ့်ကျနေချိန်မှာ ဆောင်ပေါ်လို အာဏာပိုင်တွေက အများသုံးပို့ဆောင်ရေး ယာဉ်စီးခတွေကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော်အထိ မြှင့်တင်လိုက်ပြီးတဲ့နောက် အခုလို ဆန္ဒပြမှုတွေဖြစ်လာတာပါ။

တရုတ်နိုင်ငံတွင် ယွမ်ငွေစက္ကူအတုများ စံချိန်တင် သိမ်းဆည်းရမိ

(Twitter / China News Service)

 

တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၌ ငွေစက္ကူအတုများကို ရဲတပ်ဖွဲ့က စံချိန်တင်သိမ်းဆည်း ရမိကြောင်း အင်္ဂါနေ့တွင် ဒေသခံ မီဒီယာများက ဖော်ပြသည်။

မက္ကဆီကို သမ္မတရွေးကောက်ပွဲ သမ္မတဟောင်းကတော် ၀င်ရောက်ယှဉ်ပြိုင်မည်

သမ္မတဖြစ်ခဲ့ရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လမ်းကြားတွေထဲမှာ တာဝန်ချထားတဲ့ စစ်သားတွေကို ပြန်ရုပ်သိမ်းမယ်လို့  မက္ကဆီကို သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်းကတော် မာဂါရီတာဇာဗာလာက ဇန်န၀ါရီ ၁၆ ရက်က  ကတိပေးလိုက်ပါတယ်။

မက္ကဆီကိုမှာ ဇာဗာလာရဲ့ခင်ပွန်း သမ္မတဟောင်း ဖယ်လစ်ပီကာဒဲရွန်ရဲ့ ၂၀၀၆ ခုနှစ်က စခဲ့တဲ့ စစ်တပ် ဦးဆောင်တဲ့ မူးယစ်တိုက်ဖျက်ရေးဗျူဟာက အကြမ်းဖက်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။