မော်လ်ဒိုက် နိုင်ငံ ၌ အရေးပေါ် အခြေအနေ ရောက်ရှိကြောင်း ထုတ်ပြန်ကြေညာ

မော်လ်ဒိုက် နိုင်ငံ သမ္မတဟောင်း Maumoon Abdul Gayoom အား ဖေဖော်ဝါရီ ၆ ရက်နေ့၌ ဖမ်းဆီး သွားသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မာလီ ၊ ဖေဖော်ဝါရီ ၆ ရက်

အမေရိကန် ရှယ်ယာဈေးများ ထိုးကျ

နယူးယောက်၊ ဖေဖော်ဝါရီ ၆

အမေရိကန်တွင် ဝေါစထရိရှယ်ယာဈေးကွက်၌ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း ရှယ်ယာထုတ်ရောင်းမှုများ သိသိသာသာ အရှိန်မြင့်မားလာခြင်းနှင့်အတူ Dow ရှယ်ယာဈေးက ၁၅၀၀ မှတ်နီးပါးအထိ ထိုးဆင်းသွားသည်။

ပြီးခဲ့သည့်နှစ်က အခွန်လျှော့ချမှုနှင့်အတူ ဖြစ်ပေါ်လာသော စီးပွားရေးအခင်းအကျင်းတစ်ရပ်ဖြစ်သည်။

တောင်ကိုရီးယား Samsung ကုမ္ပဏီ အမွေခံသူဌေး အကျဉ်းထောင်မှ ပြန်လွတ်လာ

တောင်ကိုရီးယားလုပ်ငန်းစုကြီးဖြစ်တဲ့ Samsung ရဲ့ အမွေခံသူဌေး Lee Jae-yong ယခုအခါ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် တောင်ကိုရီးယား အယူခံတရားရုံးက ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဘီလျံနာသူဌေးကြီး Lee Jae-yong အပေါ် စွဲဆိုထားခဲ့တဲ့ လာဘ်ထိုးမှု စွဲချက်အများစုကို ပယ်ချသွားခဲ့ပြီး ၎င်း၏ ထောင်ဒဏ်ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် လျှော့ချပေးသွားခဲ့တာကြောင့် Lee ကို အကျဉ်းထောင်ကနေ အားချင်း ပြန်လည်လွတ်မြောက်သွားစေခဲ့ပါတယ်။

တောင်အာဖရိကသမ္မတ ဇူးမား၏ အနာဂတ်နှင့် ပတ်သက်၍ အာဏာရပါတီက အရေးပေါ်အစည်းအဝေး ခေါ်မည်

ရာထူးကနေ ဆင်းပေးရန် ငြင်းဆန်နေသည့် တောင်အာဖရိကသမ္မတ ဂျက်ကော့ဘ် ဇူးမား၏ အနာဂတ်နှင့် ပတ်သက်၍ အာဏာရ ANC ပါတီက လာမယ့် ဖေဖော်ဝါရီ ၇ ရက်တွင် အရေးပေါ် အထူးအစည်းအဝေး ခေါ်ယူဆုံးဖြတ်သွားမည်ဖြစ်သည်။

အကျင့်ပျက်ခြစားမှု မကောင်းသတင်းများနှင့် လုံးပန်းနေရသော သမ္မတ ဇူးမားမှာ ပြီးခဲ့သည့် ရက်ပိုင်းက ရာထူးကနေ ဆင်းပေးရန် တောင်းဆိုမှုများကို ပယ်ချငြင်းဆန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ၎င်း၏ အနေအထားနှင့်ပတ်သက်၍ အာဏာရပါတီတွင်း၌ ဆွေးနွေးဆုံးဖြတ်သွားတော့မည် ဖြစ်သည်။

ကာ့ဒ်ပြောက်ကျားများကို အဆုံးစွန် လက်စားချေမည်ဟု တူရကီ ဝန်ကြီးချုပ် ခြိမ်းခြောက်

မိမိတို့၏ စစ်သည်များ အသက်ပေးခဲ့ရသည့်အတွက် ကာ့ဒ်ပြောက်ကျားများကို အဆုံးစွန် လက်စားချေမည်ဟု တူရကီ ဝန်ကြီးချုပ်က ခြိမ်းခြောက် ကြွေးကြော်ခဲ့သည်။

တူရကီ ခြေလျင်တပ်များသည် နယ်စပ်ဒေသကို ဖြတ်ကျော်ကာ ဆီးရီးယား မြောက်ပိုင်းရှိ YPG ကာ့ဒ် ပြောက်ကျားများကို စစ်ဆင်ရေးများ ဆင်နွှဲလျက် ရှိသည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တူရကီတပ်များ အထိနာခဲ့ပြီး စစ်သည် ၇ ဦး ကျဆုံးခဲ့သည်။ ယင်းသည် ကာ့ဒ်တို့နှင့် တိုက်ခိုက်ရာတွင် တူရကီ စစ်တပ်အတွက် အဆုံးအရှုံး အကြီးဆုံး နေ့တစ်နေ့လည်း ဖြစ်စေခဲ့သည်။

မြောက်ကိုရီးယား၏ အမည်ခံခေါင်းဆောင်နှင့်အဖွဲ့ တောင်ကိုရီးယားသို့ သွားရောက်မည်

ဆိုးလ်၊ ဖေဖော်ဝါရီ ၅

မြောက်ကိုရီးယားနိုင်ငံ၏ အမည်ခံခေါင်းဆောင်ဦးစီးသော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယားသို့ စေလွှတ်ရန် ရှိသည်ကို ကြားသိရကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောသည်။

မြောက်ကိုရီးယား လွှတ်တော်အကြီးအကဲ ကင်ယောင်နမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တောင်ကိုရီးယား ခရီးစဉ်သည် ယခုလအတွင်း တောင်ကိုရီးယား၌ ကျင်းပမည့်ဖြစ်သော ဆောင်းရာသီအိုလံပစ်ပွဲ အကြို ပြန်လည်ပြည်လည်မှု ရရှိရေး နှစ်နိုင်ငံ ကြိုးပမ်းလာသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

အမေရိကန်ထုတ်ပြန်သည့် နျူကလီးယားလက်နက် သုံးသပ်ချက် တရုတ် ကန့်ကွက်

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နျူကလီးယားလက်နက် သဘောထား သုံးသပ်ချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အဲဒီသုံးသပ်ချက်ဟာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကွယ်က ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ရဲရဲတင်းတင်း ခန့်မှန်းပြောကြားထားပြီး တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်  အင်အားအပေါ် ခြိမ်းခြောက်တဲ့သဘော ဆောင်တယ်လို့ တရုတ်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် Ren Guoqiang က ဆိုပါတယ်။

ဆီးရီးယားတွင် တိုက်လေယာဉ်ပစ်ချခံရပြီးနောက် ရုရှားက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်

ဓာတ်ပုံ- ရိုက်တာ

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ရုရှားတိုက်လေယာဉ်တွေ လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်တင်ခဲ့ပါတယ်။

ရုရှားတိုက်လေယာဉ်တစင်းကို သူပုန်တွေက ပစ်ချခဲ့လို့ လေယာဉ်မှူး ၁ ဦး သေဆုံးခဲ့ပြီး နောက်တနေ့မှာ ရုရှားက အခုလို လေကြောင်းစစ်ဆင်ရေး တိုးမြှင့်ခဲ့တာပါ။

ထိုင်းကမ်းခြေများတွင် ဆေးလိပ်သောက်သုံးသူများကို စတင်အရေးယူ

ဆေးလိပ်သောက်ခွင့် ပိတ်ပင်သည့် ဆိုင်းဘုတ်တစ်ခုအား ထိုင်းကမ်းခြေတစ်ခု၌ စိုက်ထူထားစဉ်

(ဓါတ်ပုံ-အင်တာနက်)

ထိုင်းနိုင်ငံတဝှမ်း ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်မှုများတဲ့ ကမ်းခြေ ၂၄ ခုမှာ ဆေးလိပ်သောက်သုံးမှုကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက တားမြစ်ခဲ့ပြီးနောက် အခုအခါမှာတော့ အပြည့်အဝ အရေးယူမှု စတင်တော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေသစ်ကို ကနဦးကာလအဖြစ် ရက်ပေါင်း ၉၀ အတွက်သာ ချမှတ်ခဲ့တာဖြစ်ပြီး ရဲတွေက ဥပဒေချိုးဖောက်သူကို မိခဲ့ရင် ဒဏ်ငွေမတပ်ပေမယ့် သတိပေးခံရမယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုတလွှား တုပ်ကွေးလူနာ ၂၅ ရာခိုင်နှုန်းထိ မြင့်တက်

Friday, February 2, 2018

အမေရိကန်ပြည်ထောင်စုတလွှားမှာ တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး ဂျော်ဂျီယာပြည်နယ် ဆေးရုံတရုံမှာ တုပ်ကွေးလူနာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်က အတ္တလန္တာမြို့ ဂရေဒီ အောက်မေ့ဖွယ်ဆေးရုံမှာ တိုးမြှင့်လာတဲ့ တုပ်ကွေးလူနာတွေကို ကုသဖို့ အရေးပေါ် ယာယီဆေးကုသဆောင်ကို ဖွင့်လှစ်ခဲ့ပါတယ်။