ဆီးရီးယားတွင် တိုက်လေယာဉ်ပစ်ချခံရပြီးနောက် ရုရှားက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်

ဓာတ်ပုံ- ရိုက်တာ

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ရုရှားတိုက်လေယာဉ်တွေ လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်တင်ခဲ့ပါတယ်။

ရုရှားတိုက်လေယာဉ်တစင်းကို သူပုန်တွေက ပစ်ချခဲ့လို့ လေယာဉ်မှူး ၁ ဦး သေဆုံးခဲ့ပြီး နောက်တနေ့မှာ ရုရှားက အခုလို လေကြောင်းစစ်ဆင်ရေး တိုးမြှင့်ခဲ့တာပါ။

အီဒလစ်ပြည်နယ်တွင်း ဒေသအတော်များများကို ရုရှားဂျက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အရပ်သားကာကွယ်ရေး အဖွဲ့အစည်းတခုက ပြောပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆေးရုံတရုံကို ထိမှန်ခဲ့သလို အရပ်သားနေအိမ်တလုံးကို ထိမှန်ခဲ့ရာမှာလည်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

(DVB)