မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဆွီဒင်နိုင်ငံ ထွက်ခွါ

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ စေ့စပ်ဆွေးနွေးပွဲကိစ္စ ဆွေးနွေးဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို ထွက်ခွာသွားပါတယ်။

ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရင် ဆွီဒင်နိုင်ငံမှာ ဆွေးနွေးနိုင်မယ့် အလားအလာရှိတယ်လို့ နိုင်ငံတကာ မီဒီယာတွေက ခန့်မှန်းထားပါတယ်။ မြောက်ကိုရီးယားမှာ သံရုံးမရှိတဲ့ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျတို့ကို ကိုယ်စားပြုပေးနေတဲ့ ပြုံယမ်းမြို့ရှိ ဆွီဒင်သံရုံးက အဓိကကဏ္ဍကနေ ပါဝင်မယ်လို့ ယူဆနေပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ဆွီဒင်နိုင်ငံအသွား တရုတ်ပြည် ဘေဂျင်းမှာ လေယာဉ် ပြောင်းစီးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပေမယ့် ဒီထက်ပိုမပြောကြားပါဘူး။

-Ref; RFA