မမှန်သတင်း ဖြန့်ချိမှုအတွက် မလေးရှား ဥပဒေ အမေရိကန် မထောက်ခံ

မလေးရှားပါလီမန်က မမှန်သတင်း ဖြန့်ချိမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆-နှစ်အထိ ချမှတ်နိုင်ခွင့် ဥပဒေကို အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တနင်္လာနေ့က အတည်ပြုလိုက်တဲ့ဥပဒေမှာ မမှန်သတင်းဖြန့်သူကို အမေရိကန် ဒေါ်လာ တသိန်း၂သောင်း ၃ထောင်နဲ့ ညီမျှတဲ့ မလေးရှားရင်းဂျစ် ဒါဏ်ငွေ ၅သိန်း နဲ့ ထောင်ဒါဏ် အများဆုံး ၆-နှစ်ကျခံစေရမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုလိုဥပဒေထုတ်ပြန်လိုက်တာဟာ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မလေးရှားဟာ ပထမဆုံးဖြစ်ပြီး စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ကတော့ မမှန်သတင်းဖြန့်တာတွေကို ဘယ်လို့ ကာကွယ်လို့ ရမလဲဆိုတာကို စဉ်းစားနေကြဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေကို လိုရာဆွဲပြီး လွတ်လပ်စွာ ပြောဆိုခွင့်အပေါ်ကို တားဆီးမှုတွေ လုပ်မှာ စိုးရိမ်နေကြပါတယ်။

မလေးရှားနိုင်ငံက အတည်ပြုလိုက်တဲ့ဥပဒေမှာ မမှန်သတင်းဆိုတာကို သတင်းသို့ မဟုတ် အစီရင်ခံစာကို တခုလုံးဖြစ်စေ တစိတ်တဒေသဖြစ်စေ အမှားပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ထားပြီး လူမှုရေးစာမျက်နှာတွေ ပေါ်မှာ ဖေါ်ပြချက်တွေ အပါအ၀င် အရုပ်နဲ့ အသံအစီအစဉ်တွေ အသံဖမ်းထားချက်တွေဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။

Ref: RFA