မြောက်ကိုရီးယား ပိတ်ဆို့အရေးယူမှု ဖိအားအောက်ရောက်နေတယ်လို့ ကန်ထောက်လှမ်းရေးပြော

Photo: KRT via AP Video

မြောက်ကိုရီးယားဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူထံထားရတဲ့ ဖိအားအောက်ကို ရောက်ရှိနေပြီလို့ အမေရိကန် သမ္မတ Donald Trump ရဲ့ ထောက်လှမ်းရေး အကြီးအကဲက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေး လိုကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် စီအိုင်အေ အကြီးအကဲ မိုက် ပွန်ပီယို က ပြောလိုက်တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မြောက်ကိုရီးယားခေါင်းးဆောင် ကင်ဂျုံအွန်းအနေနဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်လိုသူလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး၊ သမိုင်းဝင်တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီမှုရရှိခဲ့တဲ့အတွက် မြောက်ကိုရီးယားကို ချီးကျူးကြောင်း၊ မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိနေပြီလို့ ယုံကြည်ကြောင်း၊ ကမ္ဘာကို နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်နေတဲ့ ကင်ဂျုံအွန်းအနေနဲ့ အခုအခါ ဒုံးကျည်တွေ ပစ်လွှတ်တော့မှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦးတို့ကြား တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေကြချိန်မှာဘဲ သမ္မတ Trump က ပြောဆိုတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံတဲ့အခါမှာ ချက်ချင်း ထပြန်လာတာ ဒါမှမဟုတ်လည်း နှစ်ယောက်ထိုင်ပြီး ကမ္ဘာကြီးအတွက် အကြီးကျယ်ဆုံး သဘောတူညီချက်တခုကို ဆောင်ရွက်နိုင်တာမျိုးလည်း ဖြစ်နိုင်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

-Ref; RFA