မြောက်ကိုရီးယားအရေး ဆွေးနွေးမှု ကြာဦးမည်ဟု ကန်ဝန်ကြီး ပြော

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ နျူးကလီးယားလျော့ချရေး ဆွေးနွေးရေးကိစ္စဟာ အကောင်အထည်ပေါ်ပေါက်လာဖို့အတွက် ကာလရှည်ကြာပါဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တေလာဆင်က ပြောပါတယ်။

ပထမဆုံးအကြိမ် အာဖရိကခရီးစဉ်အတွင်း အိသီယိုးပီးယားနိုင်ငံကို ရောက်ရှိစဉ်မှာ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ပြသနေတဲ့ အရိပ်လက္ခဏာတွေဟာ အပြုသဘောဆောင်ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေးကိစ္စဟာ လောလောဆယ် ဖြစ်လာဦးမှာ မဟုတ်သေးဘူး လို့လည်း ပြောပါတယ်။

ဒီအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရထံ တင်ပြဖို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာနနဲ့ အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ နှစ်ဦး တောင်ကိုရီးယား အထူးကိုယ်စားလှယ် နှစ်ဦး မနေ့က ရောက်ရှိခဲ့ကြပါတယ်။

အဲဒီ တောင်ကိုရီးယား အထူးကိုယ်စားလှယ် နှစ်ဦးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson၊ အမျိုးသားလုံခြုံရေး အကြံပေး McMaster တို့နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီနောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန အကြီးအကဲဟာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကို ခရီးဆက်ပြီး မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ရှင်းလင်းပြောဆိုမယ်လို့ သိရပါတယ်။

-Ref; RFA