မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

မြစ်ကြီးနား မတ် ၂၂

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်တော် ရဟန္တာ တစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်ကြီး၏ ဘုရား အနေကဇာတင် သံဃာတော် ၁ဝ၈ ပါး ဆွမ်းဆန်တော်လောင်းလှူ ပွဲကို ယင်းစေတီတော်ကြီးရင်ပြင်၌ ယမန်နေ့ နံနက် ၉နာရီတွင် ကျင်းပခဲ့သည်။

ကော့မှူးမြို့နယ်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းနှင့် အပ်ချုပ်စက်သင်တန်းဆင်းရပ်ကွက်ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံ ရေးစီမံခန့်ခွဲမှု အမှတ်စဉ်(၂)သင် တန်း၊ အပ်ချုပ်စက်သင်တန်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေး အပ်ပွဲကို ယမန်နေ့ နံနက်၁ဝနာရီခွဲ က ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦးက ယနေ့ဖြစ်ပျက်နေသော နိုင်ငံရေး ဖြစ်စဉ်များ၊ အခက်အခဲများအား တက်ရောက်လာသော သင်တန်း သား သင်တန်းသူများကို ရှင်းလင်း လျက် ပါတီ၏ မူဝါဒလမ်းစဉ်များ၊ ခရိုင်၊ တိုင်းဒေသကြီး၊ ဌာနချုပ် တို့၏ လမ်းညွှန်ချက်များ၊ စည်းရုံး ရေးရာများကို ပြောကြား၍ သင် တန်းဆင်းအမှာစကားပြောကြားခဲ့ သည်။

မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီသိုင်းသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကျင်းပသော နွေရာသီသိုင်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်ထု အမျိုးသမီးထုနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီသည် ဒဂုံတောင်ပြည်ခိုင်ဖြိုး ပါတီ အမှုဆောင်များ၊ လူငယ်ထု အမျိုးသမီးထုနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝ နာရီက ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်အားပေးခြင်း

 

ဒီးမော့ဆိုမြို့ – မတ်လ ၂၁

မတ်လ (၂၁) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ (ကန်ခုနှစ်ဆင့်) ဒေါတငူး(ရှေ့) ကျေးရွာတွင် နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ် ကော်မတီဝင်များ တက်ရောက်ကြပါသည်။
ယင်းပွဲတော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ ကယားပြည်နယ်လုံးဆိုင်ရာကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ ဦးပိုးရယ်အောင်သိန်းသည် စုပေါင်းကေ့ထျိုးဘိုးတိုင်တော်စိုက်ထူခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာပက်ဖြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပွဲတော်ကျင်းပရေးအခမ်းအနားလူထုအစည်းအဝေးတွင် အမှာစကား ပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသောဧည့်သည်တော်များအား နေ့လည်စာမိတ်ဆုံစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု့(ဆင့်ပွား)သင်တန်းဖွင့်

 

ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၂၂.၃. ၂၀၁၈) နေ့ နံနက် (၀၉း၄၀) အချိန် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်ကျေးရွာ (၇၅) အုပ်စုမှ သင်တန်းသားသင်တန်းသူအင်အား (၁၀၀) ဦး တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအား နိုင်ငံတော်သီချင်းသီဆိ၍ ဖွင့်လစ်ခဲ့ပြီး တိင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပါသည်။

ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည်များ သွားရောက်လှူဒါန်းခြင်း

 

ရှားတောမြို့ – မတ်လ ၂၁
၂၁.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှားတောမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းတွင် ” ဘုရားဘုန်းတော် ထင်ရှားရာ နိုင်ငံသားကောင်းဖြစ်စေပါ” နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည် သွားရောက်လှူဒါန်းပါသည်။
၎င်းအချိုရည်များ သွားရောက်လှူဒါန်းရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလ၊ူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၈၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့်လေ့လာရေးခရီစဉ်

 

၂၀ – ၃ – ၂၀၁၈ ရက်နေ့ မင်းဘူးခရိုင် ပါတီဝင်လူငယ်ကေဒါများ တွေ့ဆုံပွဲကို မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်ပြီးနောက် ယမန်နေ့ ၂၁- ၃ – ၂၀၁၈ ရက်နေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် ရွှေစက်တော်ဘုရားသို့ ၅ မြို့နယ် လူငယ်များ သွားရောက်ဖူးမျှော်ကြည်ညိုကန်တော့ခဲ့ကြပါသည်။
ထိုမှအပြန်လမ်းတွင် မင်းဘူး ( စကု) မြို့နယ် သံပုရာကိုင်းကျေးရွာမှ သက်ကြီးအဖိုးအဖွား (၁၀ ) ဦးနှင့် ဥယျာဉ်ကျေးရွာမှ သက်ကြီး အဖိုးအဖွား (၁၀ ) ဦးတို့အား ငဖဲမြို့နယ် လူငယ်ကေဒါများနှင့် စေတုတ္တရာ လူငယ်ကေဒါများ (၂) မြို့နယ်စုပေါင်း၍ သက်ကြီးပူဇော်ခြင်း ကုသိုလ်ကောင်းမှုကို ဆောင်ရွက်ခဲ့ကြပါသည်။

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရာအလိုက် ပါတီတာဝန်များ ပေးအပ်ပွဲကျင်းပ

 

၂၁ မတ်၂၀၁၈

မြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးနယ်မြေ အမှတ် ၂ အတွင်းရှိ ကျေးရွာအုပ်စုအတွင်း ရေးရာအလိုက်ကော်မတီများအား တာဝန်ပေးအပ်ပွဲကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့တွင် ရွာတန်းရှည်အုပ်စု ဇီးတောတိုက်ကျေးရွာ၌ ကျင်းပရာ မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးသော်ဇင်ဦး၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ ဦးစောဝင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်နှင့် အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား ၇၅၀ ဦးခန့် တက်ရောက်ကြပြီး အစည်းအဝေးကို ၂ နာရီမှစတင်ပြီး ၄ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည် ။