ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်​ ရပ်​ကွက်​ဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ တာဝန်​​ပေးအပ်​ပွဲ

 

ချောက်ပြည်ခိုင်ဖြိုး အိုးဘိုမီးဘေးသင့် ပြည်သူများအား ဆန်နှင့်ငွေလှူဒါန်း

 

ချောက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်၊ မြို့နယ်ကော်မတီဝင်များ၊ စည်းမှူးများမှ မကွေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော တစ်အိမ်ထောင် လျှင် ဆန်ရှစ်ပြည်နှင့် ဆန်ပြည် ၁၆ဝ၊ ချောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ကျပ် နှစ်သိန်းတို့ကို ဆားလယ်ကျေးရွာအုပ်စု အိုးဘိုရွာ မီးဘေးသင့် အိမ်ထောင်စု ၂ဝ အား မတ် ၁၈ ရက်တွင် ဒုတိယအကြိမ်မြောက် သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအခြေခံစက်ချုပ်(အခမဲ့)သင်တန်းဖွင့်

 

သနပ်ပင် မတ် ၁၈

ပဲခူးခရိုင်သနပ်ပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သည့် လူငယ်(ကျား/မ)များ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးနှင့်မိသားစုဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး အသက် မွေးဝမ်းကျောင်းပညာဖြစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်း အား ယနေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ၌ စတင် ဖွင့်လှစ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်မျိုးဝင်းနှင့် မြို့နယ်ကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်သည်။
အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် စက်ချုပ် သင်တန်းနည်းပြ (လူငယ်ရေးရာတာဝန်ခံ)ဦးဇော်ထွန်းတို့က အမှာ စကားအသီးသီးပြောကြားပြီး အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်း၍ သင်တန်းအား ဆက်လက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ခရိုင်လူငယ်တွေ့ ဆုံပွဲ ကျင်းပ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ခရိုင်လူငယ်တွေ့ ဆုံပွဲကို ယနေ့  ၁၆.၃.၂၀၁၈ သောကြာနေ့  နံနက(် ၉ ) နာရီ အချိန်တွင် ရွှေပြည်သာမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ မြို့ နယ်အစည်းဝေးခန်းမ၌ စတင်ကျင်းပခဲ့ပါသည် ။
အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီစည်းကမ်းထိန်းသိမ်းရေးဥက္ကဌ ရန်ကုန်တိုင်းပါတီတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းပါတီကော်မတီဝင် တိုင်းအတွင်းရေးမှူး ဦးသာဝင်၊ တိုင်ပါတီကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းနှင့် တိုင်းပါတီကော်မတီဝင်များ မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယုနှင့် မြောက်ပိုင်းခရိုင်ကော်ပါတီကော်မတီဝင်များ မြို့ နယ်ပေါင်းစုံမှပါတီဥက္ကဌများ | မြောက်ပိုင်းခရိုင်လူငယ်တာဝန်ခံများနှင့် လူငယ်ပါတီကော်မတီဝင်များ စုစုပေါင်း
အင်အား ( ၃၅၇ ) ဦး တတ်ရောက်တွေ့ ဆုံခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီမှ တိုက်ပွဲရှောင်ပြည်သူများသို့ ဆန် (၁၀) အိတ်သွားရောက်လှူဒါန်း

 

(15-3-2018) ရှမ်းပြည်နယ်(မြောက်ပိုင်း) လာရှိုး – နမ္မတူ လမ်းအပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ကတ်ကျေးရွာနှင့် (၁၉) မိုင် ကျေးရွာ များမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၄၃) စုလူဦးရေ (၁၄၁) ဦးတို့ေ ခတ္တပြောင်းရွေ့ နေထိုင်သော လားရှိုးမြို့နယ် လွယ်တောက်ကျေးရွာရှိကိုယ့်အားကိုယ်ကိုးဖြူစင်မေတ္တာမူကြိုကျောင်းဆောင်သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် ဆန်(၁၀) အိတ်ကို ပြည်နယ်နှင့် မြို့နယ်ပါတီကော်မတီအဖွဲ့တို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးမိသားစု ဆွမ်းဆန်စိမ်းလှူဒါန်းမှု ကုသိုလ်တော်

 

(၁၆.၃.၂၀၁၈) ရက်​နေ့ ၊ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ နံနက် (၀၉း၀၀) အချိန် ပေါ်တော်မူမြတ်စွာဘုရား စု​ပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ရာ
တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ကော်မတီဝင်ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီအဖွဲ့ များမှ စုပေါင်း၍ ပင့်သံဃာတော်အပါး (၉၂) ပါးနှင့် သီလရှင်တို့အား ဆွမ်းဆန်များနှင့် ကော်ဖီမစ်များ စုပေါင်းလောင်းလှူခဲ့ပါသည်။

မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း ချောင်းဆုံမြို့နယ်ကော်မတီဝင်များနှင့် တွေဆုံ

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးထွန်းသည် မတ်လ (၁၅) ရက်နေ့တွင် ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များအား တွေဆုံကာ လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို မော်လမြိုင်ခရိုင်ကော်မတီဝင်များ၊ ချောင်းဆုံမြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
#admin_team


ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပါတီလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပ သောပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ သဘာပတိပါတီဗဟို ကော်မတီဝင် ခရိုင်တာဝန်ခံဦးဝင်း မောင်သိန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော် စွာဝင်းနှင့်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ဗန်းမော်၊ မိုး မောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လူငယ် တာဝန်ခံများ၊ ခရိုင်ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ ကြသည်။