ဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ခြင်းနှင့် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရပ်ကွက်ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲက ဖြူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်ကျင်းပခဲ့ရာ တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ဖြူးမြို့နယ် ခရိုင်တာဝန်ခံဦးထွေး ကြည်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုး၊ဦးကိုကိုကျော် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)နှင့် ရပ် ကွက်ကျေးရွာအုပ်စုများမှ ယခင် စည်းရုံးရေးမှူးများ၊ တွဲဖက်စည်း ရုံးရေးမှူးများ၊ ပါတီဝင်များ စုစု ပေါင်းလူအင်အား၁၅ဝကျော်တက် ရောက်ခဲ့ကြသည်။

လတ်တလောဖြစ်ပေါ်နေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်း

 

နေပြည်တော် မတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လတ်တလောဖြစ်ပေါ်နေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနပေါင်း ၂၆ ခုမှ မီဒီယာသမား ၆ဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့်ပြည်တွင်းပြည်ပသတင်းဌာနများက မြန်မာနိုင်ငံ၌ ဘင်္ဂါလီများပြန်လည်လက်ခံမှုအပေါ် ပါတီ၏သဘောထားအမြင်များကိုလည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်လာသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်တွင် ငြိမ်းစုစီဥပဒေအတည်ပြုသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပါတီ၏သဘောထားအမြင်များကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတအား တွေ့ဆုံခွင့်တောင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း စသည်အားဖြင့် မေးခွန်းများအသီးသီးမေးမြန်းခဲ့ကြသည်။

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုး ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများလုပ်ငန်းညှိနှိုင်း

 

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ်ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီက ညောင်ပင်ရပ်ကွက်မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုး ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများတာဝန်ပေးခန့်အပ်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသော ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲအား နိုင်ငံတော်သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌဦးလှဘုန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြား၍ အခမ်းအနားသို့တက်ရောက်လာသည့် တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးဦးလှဆွေနှင့် ခရိုင်ကော်မတီဝင်ဦးနိုင်ဦး၊ဒေါ်မေမြတ်သွယ် နှင့်ကော်မတီဝင်များမှ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ များအား ခန့်အပ်လွှာများအသီးသီးပေးအပ်ကြသည်။ အဆိုပါတာဝန်ပေး အပ်ပွဲအခမ်းအနား၌ ကျောက်ကြီးမြို့နယ် ရပ်/ကျေးပါတီဝင် ၇ဝ တက်ရောက်ပြီး မွန်းတည့် ၁၂နာရီတွင် ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါတခြား (ကယား) ရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် မတ် ၁၅

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ

 

၂၀၁၈ ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး ခြံဝင်း၌ လူငယ်တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ရပ်/ကျေးလူငယ် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ လူငယ်တွေ့ဆုံပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်အစုအဖွဲ့တစ်ခုချင်း၏ စာတမ်းများအား
လူငယ်ခေါင်းဆောင်(၇)ဦးမှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် မတ်လ (၁၄) ရက်နေ့ နေ့လည် (၁၁) နာရီမှစတင်ကာ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပါတီဌာနချုပ်တွင် နည်းပြသင်တန်း တက်ရောက်ထားကြသူများ တက်ရောက်ကာ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြပြီး မွန်းလွဲ(၁)နာရီချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့သည်။

Crd;

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာကော်မတီနှင့် Marubeni Myanmar Co;Ltd တို့ ပူးပေါင်း၍ လယ်/ယာမြေပြုပြင်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

 

မကွေး ၊ မတ် ၊ ၁၅

မိုင်းဆတ်မြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ ​ကျေးရွာပါတီဥက္ကဌများအား တာဝန်​​ပေးအပ်​ခြင်း

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊ မိုင်းဆတ်​မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးဒါဝိဒ်​၊ အတွင်း​ရေးမှူးဦးစိုင်းမိုး​ဇော်​ဦးနှင့်​ ရပ်​​ကျေးစည်းရုံး​ရေးမှူးများလိုက်​ပါ၍ (၁၄.၃.၂၀၁၈)​ ရက်နေ့တွင် ​မိုင်းဆတ်​မြို့နယ်​၊ မိုင်းတွမ်းတောင်ပေါ်အုပ်​စု ပူနားကိုကျေးရွာသို့ ကွင်းဆင်းသွား​ရောက်​ခဲ့ပြီေ​ကျးရွာရှိအမာခံပါတီဝင်​များနှင့်​ ​တွေ့ဆုံခဲ့ပြီး ​ကျေးရွာပါတီတာဝန်​ခံနှင့်​ ရပ်​​ကျေးပါတီဥက္ကဌများ ​ရွေးချယ်​တာဝန်​​ပေးအပ်​ခဲ့​ကြောင်းသိရှိရပါသည်​ ။

Crd;


စိုင်​ကျ​ကျေးရွာက မီး​ဘေးသင့်​ပြည်​သူများအတွက် မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ ဓာတ်ဆားထုပ်များ သွားရောက်လှူဒါန်း

 

၁၄.၃.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ​မ​ကွေးမြို့နယ်​ စိုင်​ကျ​ကျေးရွာက မီး​ဘေးသင့်​ပြည်​သူများအတွက်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးမြို့နယ်ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များမှ တိုင်းပါတီမှလှူဒါန်း​သော ဆန်​အိတ်​၊ မ​ကွေးခရိုင်​ပါတီမှ လှူဒါန်း​သော ဆီ၊ မြို့နယ်​ပါတီမှ လှူဒါန်း​သော ​ခေါက်​ဆွဲ​ခြောက်​ထုပ်​၊ ​ရေသန့်​၊ ဓာတ်​ဆားထုပ်​များ
စုစု​ပေါင်းတန်​ဘိုး​ငွေကျပ်​ (၁၂၀၀၀၀ိ/_)​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်။