စိုင်​ကျ​ကျေးရွာက မီး​ဘေးသင့်​ပြည်​သူများအတွက် မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ ဓာတ်ဆားထုပ်များ သွားရောက်လှူဒါန်း

 

၁၄.၃.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ​မ​ကွေးမြို့နယ်​ စိုင်​ကျ​ကျေးရွာက မီး​ဘေးသင့်​ပြည်​သူများအတွက်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးမြို့နယ်ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များမှ တိုင်းပါတီမှလှူဒါန်း​သော ဆန်​အိတ်​၊ မ​ကွေးခရိုင်​ပါတီမှ လှူဒါန်း​သော ဆီ၊ မြို့နယ်​ပါတီမှ လှူဒါန်း​သော ​ခေါက်​ဆွဲ​ခြောက်​ထုပ်​၊ ​ရေသန့်​၊ ဓာတ်​ဆားထုပ်​များ
စုစု​ပေါင်းတန်​ဘိုး​ငွေကျပ်​ (၁၂၀၀၀၀ိ/_)​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်။

မီး​လောင်​မှုသတင်းရလျှင်​ရခြင်း သွား​ရောက်​ကြပြီး မီးငြှိမ်းသတ်​ခြင်း၊ မီး​လောင်​​မြေရှင်းလင်းခြင်း၊ ​နေရာချထား​ရေးလုပ်​ငန်းများတွင်​လည်း ပါဝင်​ ကူညီ​ဆောင်​ရွက်​နိုင်​ခဲ့ကြပါသည်။ မီး​လောင်​မှုဖြစ်​စဉ်​တွင်​ ​နေအိမ်​ ၅ လုံး မီး​လောင်​ဆုံးရှုံးခဲ့ပြီး လူဦး​ရေ ကျား ၁၇ ဦး၊ မ ၆ ဦး ​ပေါင်း ၂၃ ဦးတို့
အိုးမဲ့အိမ်​မဲ့ဖြစ်​သွားတယ်​လို့ သိရပါသည်။

Min Zaw