ကော့မှူးမြို့နယ်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းနှင့် အပ်ချုပ်စက်သင်တန်းဆင်းရပ်ကွက်ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံ ရေးစီမံခန့်ခွဲမှု အမှတ်စဉ်(၂)သင် တန်း၊ အပ်ချုပ်စက်သင်တန်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေး အပ်ပွဲကို ယမန်နေ့ နံနက်၁ဝနာရီခွဲ က ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦးက ယနေ့ဖြစ်ပျက်နေသော နိုင်ငံရေး ဖြစ်စဉ်များ၊ အခက်အခဲများအား တက်ရောက်လာသော သင်တန်း သား သင်တန်းသူများကို ရှင်းလင်း လျက် ပါတီ၏ မူဝါဒလမ်းစဉ်များ၊ ခရိုင်၊ တိုင်းဒေသကြီး၊ ဌာနချုပ် တို့၏ လမ်းညွှန်ချက်များ၊ စည်းရုံး ရေးရာများကို ပြောကြား၍ သင် တန်းဆင်းအမှာစကားပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းက သင် တန်းဆင်းလက်မှတ်များ ပေးအပ် ခြင်း၊ ကော့မှူးမြို့နယ်ရပ်ကွက် ကျေးရွာ ၆၂ အုပ်စုမှ ကျေးရွာနှင့် ရွာခွဲများရှိ ဥက္ကဋ္ဌတာဝန်များကို ကျေးရွာတစ်ရွာချင်းအလိုက် ပေး အပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ နှင့်အတူ မြို့နယ်နာယက ဦးဝင်း ထိန်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၈ဝတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)