ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည်များ သွားရောက်လှူဒါန်းခြင်း

 

ရှားတောမြို့ – မတ်လ ၂၁
၂၁.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှားတောမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းတွင် ” ဘုရားဘုန်းတော် ထင်ရှားရာ နိုင်ငံသားကောင်းဖြစ်စေပါ” နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည် သွားရောက်လှူဒါန်းပါသည်။
၎င်းအချိုရည်များ သွားရောက်လှူဒါန်းရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလ၊ူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၈၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။