ပါတီကော်မတီဝင်များတွေ့ဆုံဆွေးနွေး

 

ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ခင် စောမူ၊ ဒေါက်တာထိန်ဝင်း တို့နှင့် ပုသိမ်ခရိုင် ပုသိမ် မြို့နယ်ပါတီကော်မတီဝင် များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၉ ရက် မွန်းလွဲပိုင်း က ပုသိမ်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့စဉ်။

ပုသိမ်ကိုကိုလတ်


ပါတီ ဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ဟင်္သာတမြို့နယ် အဝိုင်းကျောင်းစုအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်ကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးခင်ဦးနှင့်မြို့နယ်ကော်မတီဝင် များ၊ ရပ်/ကျေးအမှုဆောင်များနှင့် အမာခံအင်အား ၃ဝ ဖြင့် ပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာများပက်ဖျန်း၍ အသစ်ပြန်လည်စိုက်ထူခဲ့ ကြောင်းသိရသည်။

ဌေးဝင်း(ဟင်္သာတ)


ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး ဟင်္သာတခရိုင်မြို့နယ်များမှပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦးသည် ယခုလ ၁၁ရက် ညနေပိုင်းတွင် ဟင်္သာတ ခရိုင်/မြို့နယ်များမှ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၈ဝ ကို ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦးက မိမိတို့သည် ပါတီဝင်များဖြစ်ကြ၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုး အတွက် မိမိတတ်နိုင်သည့်ဘက် ကဆောင်ရွက်ရန်လိုကြောင်း၊ချမှတ် ထားသောရည်မှန်းချက်များ အောင် မြင်ရန်ဆောင်ရွက်ရာတွင် နည်း လမ်းပေါင်းများစွာရှိပြီးယင်းအထဲမှ အကောင်းဆုံးနည်းလမ်းကိုရွေးချယ် နိုင်ရန်လိုကြောင်း၊ ထိုသို့ရွေးချယ် နိုင်ရန်စုပေါင်းတိုင်ပင်၊စုပေါင်းဆွေး နွေးမှုများသာမကရပ်ကွက်အကျိုး ကို အမှန်တကယ်လိုလားသည့် ရပ်မိရပ်ဖများနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာရန်လိုကြောင်း၊ပြည်သူများ နှင့် တစ်သားတည်းရှိပြီး ပြည်သူ များနှင့်အတူ ဆောင်ရွက်ကြရန်လို အပ်ကြောင်း၊ မိမိပါတီဝင်အင်အား ခိုင် ခိုင်မာမာရှိရန်လိုအပ်ကြောင်း၊ ပါတီဝင်တိုင်းသည်ပါတီ၏ရည်မှန်း ချက်ကို အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊မိမိတို့ပါတီ၏ရည်မှန်းချက် မှာ နယ်မြေတိုင်းတည်ငြိမ်အေးချမ်း မှုရှိစေရန်နှင့် ပြည်သူများ၏ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ပါတီဝင်တစ်ဦးဖြစ်၍ ပါတီမှနိုင်ငံ တော်နှင့် ပြည်သူအကျိုးအတွက် ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန် ချက်များအားပါတီဝင်များနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော် သွားမည်ဖြစ်သကဲ့သို့ ဟင်္သာတ သားတစ်ဦးဖြစ်၍ ဟင်္သာတနယ် မြေဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ် သက်၍ ယခင်ကလည်းဆောင် ရွက်သလို ယခုလည်း ဆောင်ရွက် လျက်ရှိပြီး နောင်ကိုလည်း နယ် မြေနှင့် ပြည်သူအကျိုးကိုလိုလား သူများနှင့်လက်တွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာ သည့် ရပ်/ကျေးစည်းရုံးရေးမှူး များက လုပ်ငန်းများလက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြပြီး ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး က လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ဖြင့် ဆောင်ရွက် ရသလို အများဖြင့် ဆောင်ရွက်ရမှု များလည်းရှိကြောင်း၊ မိမိတို့ ပါတီ ဝင်များသည် ယနေ့ကျင့်သုံးနေ သော ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းကိုရအောင်၊ ရောက် အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ရပြီးဖြစ်သော ပါတီစုံဒီမိုကရေစီ ကျင့်စဉ် ပိုမိုရှင်သန်ခိုင်မာစေပြီး နယ်မြေနှင့် နယ်မြေလူထုအကျိုး အတွက် ပိုမိုသယ်ပိုး ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုကြောင်း မှာ ကြားပြီး တွေ့ဆုံပွဲအား ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

မျက်စိဝေဒနာရှင် မသီတာလှိုင်အား မျက်စိရောဂါကုသနိုင်ရေး ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ကူညီထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ရောက်ရှိစဉ် ပုသိမ်မြို့ မင်းကုန်းကြီးကျေးရွာမှ မသီတာလှိုင် လာရောက်တွေ့ဆုံသည်။ မသီတာ လှိုင်သည် ယာဘက်မျက်ခုံးတွင် မျက်လုံးကိုဖုံးနေသောအသားပိုအား ၂ဝ၁၆ ခုနှစ်တွင် ခွဲစိတ်ဖယ်ရှားခဲ့ပြီး အသားပိုမရှိချိန်တွင် မျက်စိမှာ မြင်ရကြောင်း၊ ယခုထပ်မံ၍ ကုသနိုင်ရေးအတွက် အကူအညီတောင်းခံ ခြင်းဖြစ်ကြောင်း သိရသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦးက မသီတာလှိုင်အား ရန်ကုန် ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံကြီးသို့ သွားရောက်ကုသနိုင်ရေး အတွက် လိုအပ်သည်များဖြည့်ဆည်းပေးပြီး လသာပြည်ခိုင်ဖြိုးမှ ကူညီ စောင့်ရှောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌနာရေးအတွက် ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့လှူဒါန်း

 

ဟင်္သာတမြို့နယ် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌဦးစောထွန်း သည် ယခုလ ၁၃ ရက်တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦး မိသားစုက ကျပ်တစ်သိန်း၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီကော်မတီမှ ကျပ်ငါးသောင်းကို ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးခင်ဦးနှင့် မြို့နယ်ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် သွားရောက်ကူညီ ထောက်ပံ့ ခဲ့ကြောင်း သိရသည်။

အလက(ခွဲ)ရေလယ်ကျွန်းသို့ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးမိသားစုမှ ကျောက်ပြားများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုနာယက ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေး ဦးနှင့်ဇနီးဒေါ်နီနီဝင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက မိသား စုမှ ဟင်္သာတမြို့နယ် ပဲကြီး ကျွန်းအုပ်စု ရေလယ်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျောင်းဆောင်သစ်အတွက် ကျောက်ပြား ၈၅ ချပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

အလှူရှင်ကိုယ်စား ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးချစ်ဝင်း၊ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး၊ အတွင်းရေးမှူးဦးခင်ဦးနှင့် မြို့နယ် ကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါကျောင်း၌ ကျောင်းဆောက် လုပ်ရေးကော်မ
တီအဖွဲ့မှ တာဝန်ရှိ သူများထံသွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦးနှင့်အဖွဲ့ မျက်စိဝေဒနာရှင်များအား (၁ဝ)ကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲစိတ်ကုသနိုင်ရေးလုပ်ငန်းညှိနှိုင်း

 

ပုသိမ်ပြည်ခိုင်ဖြိုးလုပ်ငန်းညှိနှိုင်း

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယခုလ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အုန်းက ဧပြီ ၂၈ ရက်တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးညွှန်ကြား ချက်များကို ရှင်းလင်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပုသိမ်ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်ကျော် တက်ရောက်ပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ပါတီဝင် ပြန်လည်စိစစ်ရေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံခြင်း

 

ဒေါပုံမြို့နယ်​ ​ဆေးစက်​ရပ်​ကွက်​နှင့်​ ပုသိမ်​​မြေ ရပ်​ကွက်​ရှိ ပြည်​ခိုင်​ဖြိုး ပါတီဝင်​များ ပြန်​လည်​စိစစ်​​ရေးနှင့်​ ပါတီဝင်​နှစ်​စဉ်​​ကြေး ​ကောက်​ခံခြင်း၊ ပါတီဝင်​အင်​အားသစ်​များ စည်းရုံး​ရေးလုပ်​ငန်းများကို မြို့နယ်​ပါတီ ဥက္ကဋ္ဌ နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​ အာမာခံပါတီဝင်​များမှ အဖွဲ့များခွဲ၍ နယ်​​မြေကွင်းဆင်း​ဆောင်​ရွက်​ခဲ့ကြကြောင်းသိရှိရပါသည်​။

Dawbon Lion