ဟင်္သာတမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌနာရေးအတွက် ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့လှူဒါန်း

 

ဟင်္သာတမြို့နယ် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌဦးစောထွန်း သည် ယခုလ ၁၃ ရက်တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦး မိသားစုက ကျပ်တစ်သိန်း၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီကော်မတီမှ ကျပ်ငါးသောင်းကို ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးခင်ဦးနှင့် မြို့နယ်ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် သွားရောက်ကူညီ ထောက်ပံ့ ခဲ့ကြောင်း သိရသည်။

ဌေးဝင်း(ဟင်္သာတ)