စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စလင်း နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင် စလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက စလင်း မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင် လွင်က မြို့နယ်ပါတီ၏ တစ်လတာ အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့်ခရိုင် ပါတီတို့၏ လုပ်ငန်းလမ်းညွှန် များကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးဇော်နိုင်ကကြား ဖြတ်ရွေးကောက်ပွဲအတွေ့အကြုံများ ကို ရှင်းလင်းပြောကြားခဲ့သည်။

တက်ရောက်လာသူများကမိမိ တို့စည်းရုံးရေး နယ်မြေအလိုက် လှုပ်ရှားဆောင်ရွက်မှုများ၊ နယ်မြေ အခြေအနေများ၊ သိရှိလိုသည်များ၊ အကြံပြုချက်များအား တင်ပြဆွေး နွေးကြရာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်း လင်းဆွေးနွေး ညှိနှိုင်းဆောင်ရွက် ကြပြီး နံနက် ၁၁ နာရီ ၄၅ မိနစ် တွင် အစည်းအဝေးပြီးမြောက်ခဲ့ ကြောင်းနှင့် အစည်းအဝေးသို့ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့ နယ်အရန်ကော်မတီဝင်များ တက် ရောက်ကြောင်း သိရသည်။

မင်းဇော်(မကွေး)