ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နယ်မြေကွင်းဆင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မှုအားပေး

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦး တင်စိုး၊ ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက်တွင်ဖွင့်လှစ်သော ပျော်ဘွယ်မြို့နယ် ထရံကာအုပ်စု သာစည်ကျေးရွာ ရွာတွင်းကျောက်ချော လမ်းဖွင့်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပ

 

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို (၂၆.၉.၂၀၁၇) ရက်နေ့ တွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် ၊ စည်းကမ်းချက်များ ဆုချီးမြှင့်မည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တံတားဦး ပြည်ခိုင်ဖြိုးပါတီ လူငယ်လှုပ်ရှားမှုအဖြစ် သမ္ဗုဒ္ဓေဘေးရန်ကင်း စေတီတော် ပရ၀ုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်

 

(၂၅.၉.၂၀၁၇) ရက်နေ့တွင်​ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွင့်ဖြိုးရေးပါတီမှ လူငယ်လှုပ်ရှားမှုအဖြစ် ရန်ကုန်- မန္တလေး အမြန် လမ်း၊ စကားအင်းတိုးဂိတ်အနီး တည်ထားကိုးကွယ်ထားသော သမ္ဗုဒ္ဓေ ဘေးရန်ကင်းစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်ကာ လုပ်​အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ပါသည်။

Crd;


စဥ့်ကိုင်ကြီးကျေးရွားအတွင်းရှိ ကျောင်းသူ/ကျောင်းသားများအတွက် ဗလာစာအုပ်များ လှူဒါန်း

 

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထွန်းနိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များသည်​ ( ၂၄.၉.၂၀၁၇ ) ရက်နေ့တွင် စဉ့်​ကိုင်​ကြီး​ကျေးရွာအတွင်းရှိ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းသား /ကျောင်းသူ (၁၂၀) ဦးအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့ပါသည်​။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝနာရီက မြို့သစ်ကြီးကျေးရွာသို့ သွား       ရောက်၍ မိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

နမ္မတူမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းသွေးလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ / ​​နေ့လည်​(၄:၀၀)နာရီအချိန်​သ.တ.လ​ (၁)​ရပ်​ကွက်​နေ ​လူနာ​​ဦး​အောင်​လင်းဦးအတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူ ရှင်​အသင်းဝင် သ.တ.လ(၂)ေ​န သွေးလှူ ရှင်​​ ​ဦးထွန်းမင်းလှိုင်​မှ လိုအပ်​​သော​သွေး (O) ​သွေး အမျိုးအစားကို အချိန်​နှင့်​တ​ပြေးညီ လှူ ဒါန်း​ပေးခဲ့​ကြောင်းသိရှိရ​သည်။

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ​​အဟာရဒါနကုသိုလ်​ပြုလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ (၁၃း၀၀)အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ကော်​မတီဝင်​များ၊ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ပါတီ​ကော်​မတီအဖွဲ့တို့သည်​ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ရှိ အမှတ်​(၁)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းသို့သွား​ရောက်​၍ ဆရာ/ဆရာမများနှင့်​ ​ပညာသင်​ကြား​နေကြ​သော​ကျောင်းသား/သူ(၄၀၀)​ကျော်​အား အဟာရဖြစ်​​စေရန်​အတွက်​ နွားနို့နှင်​​ပေါင်​မုန့်​များ​ဝေငှကုသိုလ်​ပြုခဲ့ကြပါသည်​။

Zaw Aung Htet


ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ အလှူ လုပ်အားဒါနပြုလုပ်

 

ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ မြဉ္ဇူလေးဆူရှင်းမြတ်စွာဘုရား ဗြဟ္မဝိဟာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး သက်တော်၈၈နှင့် သိက္ခာတော်(၆၆)ဝါ၏ အန္တိမဈာပနသို့ ပြင်ဦးလွင်မြို့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်(၁)သိန်းလှူဒါန်းပြီး ဆီထမင်းနှင့်​အကြော်အလှူဒါနပြု သန့်ရှင်းရေးလုပ်​အားဒါနပြုလုပ်ပြီးကုသိုလ်ယူခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​တွင်းထွက်​ ​ကောက်​ပဲသီးနှံများအား ​အ​ခြေခံ၍ တန်​ဖိုးမြင့်​ စား​သောက်​ကုန်​နှင့်​လူသုံးကုန်​ ထုတ်​လုပ်​မှုနည်းပညာ(ဆင့်​ပွား)သင်​တန်းဆင်းပွဲကျင်းပ

 

မန္တ​လေးခရိုင်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှကြီးမှူး​သော ပါတီဝင်​အမျိုးသမီး​များ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်​​စေရန်​ရည်​ရွယ်​ပြီး ပြည်​တွင်းထွက်​ ​ကောက်​ပဲသီးနှံများဖြစ်​သည့်​ ဆန်​၊ပဲ၊​ပြောင်း၊ဂျုံများအား အ​ခြေ ခံ၍ တန်​ဖိုးမြင့်​ စား​သောက်​ကုန်​နှင့်​ လူသုံးကုန်​ထုတ်​လုပ်​မှုနည်းပညာ (ဆင့်​ပွား) သင်​တန်းဆင်းပွဲအား (၁၅.၉.၂၀၁၇)ရက်​​နေ့ (၁၅း၀၀) နာရီ အချိန်​တွင်​ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦဝင်း​မောင်​၊ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ ဒေါ်လှလှ​အေး (အမျိုးသမီးကဏ္ဍတာဝန်​ခံ​)၊ မန္တလေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်​အတွင်း​ရေးမှူး ဒေါ်ဝါဝါလှိုင်​( အမျိုးသမီးကဏ္ဍတာဝန်​ခံ​)၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌများနှင့်​ ကော်​မတီဝင်​များ၊ သင်​တန်းသူပါတီဝင်​အမျိုး သမီးများ တက်​​ရောက်​ခဲ့​ကြပါသည်​။

ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ မှ “ အနှိုင်းမဲ့ ´´ လူမှုကူညီရေးအသင်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ကျောက်ဆည်ခရိုင် ပရဟိတ ပေါင်းစုံပေါင်းစုံကွန်ယက် ကုလကျေးရွာ ပရဟိတ “အနှိုင်းမဲ့” လူမှုကူညီရေးအသင်းသို့ အသင်း၏ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ပရဟိတလုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အထောက်အကူပြု မြတ်သောအလှူကို ကျောက်ဆည်မြို့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူတော်ငွေ ( ၅၀၀၀၀ ) ငါးသောင်း ကျပ်အား မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ ပရဟိတ “အနှိုင်းမဲ့” ဥက္ကဌ ဦးတင်အောင်ထံသို့ ယနေ့ (14.9.2017) ရက်နေ့တွင် နတ်လူသာဓု ခေါ်ဆိုနိုင်စေရန်အလို့ငှာ ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပါ သည်။