စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း

 

ယနေ့ (1.10.18) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ လက်ပန်ချိုင့်ကျေးရွာ အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆွေးနွေးခြင်းအခမ်းအနားအား နံနက် (9:00) အချိန် ​ရပ်​ကျေးပါတီ​ကော်​မတီဝင်​ ဦးညိုမောင်နအိမ်တွင် ကျင်းပခဲ့ရာ တိုင်းပါတီကော်​မတီဝင် ​ဒေါ်သိဂီင်္​အောင်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ ရပ်ကျေးအဖွဲ့ များနှင့်ပါတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး မင်္ဂလာအချိန်၌ ပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းအား ဆက်လက်ဆွေးနွေးခဲ့ပြီး စုပေါင်း၍ မှတ်တမ်းတင်ခဲ့ပါသည်။

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ပြင်​ဦးလွင်​မှ ​ရွေး​ကောက်​ပွဲဆိုင်​ရာ ဥပ​ဒေအသိပညာ​ပေးသင်​တန်းဖွင့်ပွဲအခမ်းအနားအား (၁.၁၀.၂၀၁၈) ရက်​​နေ့ နံနက်​ (၉) နာရီအချိန်​က ပြင်​ဦးလွင်​ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်းဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်၊ ဦးတင့်လွင်​ဦး၊ ဦး​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်ဥက္ကဋ္ဌ ဦးဝင်းကြည်၊ အတွင်းရေးမှူး ဒေါ်စပယ်ဝင်းနှင့် ကော်မတီဝင်များ၊ ပြင်​ဦးလွင်​မြို့နယ်ဥက္ကဋ္ဌ ဦးလင်းဇော်မင်း၊ အတွင်းရေးမှူး ဦးညွန့်သောင်နှင့်​ကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး တိုင်းပါတီ​ကော်​မတီဝင်​ ဦးတင့်​လွင်​ဦးမှ အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။

မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား

 

မြင်းခြံ စက်တင်ဘာ ၃၀

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံခရိုင်ပါတီရုံးခန်းမတွင် ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အမှာစကားပြေားကြားခဲ့ပြီးနောက် သင်တန်းအား တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်မှ ရွေးကောက်ပွဲဥပဒေဆိုင်ရာဥပဒေများ ဆက်လက်သင်ကြားခဲ့ပါသည်။ ယင်းအခမ်းအနားကို နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ဦးမျိုးမြင့်နှင့်မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ရပ်ကွက်/ကျေးရွာများမှ စည်းရုံးရေးဥက္ကဌများနှင့် စည်းရုံးရေးအဖွဲ့ဝင် သင်တန်းသား ၁၉၀ ဦး တက်ရောက်ကြပါသည်။

ပါတီဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ မိတ္ထီလာမြို့တွင်ကျင်းပ

 

မိတ္ထီလာ စက်တင်ဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ အမျိုးသမီးနှီးနှောဖလှယ် ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီမှစတင်၍ မြို့နယ်အစည်းအ ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ

 

မန္တလေး စက်တင်ဘာ ၃ဝ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂x၄ဝလမ်းထောင့်တွင် ယမန်နေ့နံနက် ၉ နာရီက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။အခမ်းအနား၌မင်္ဂလာအချိန်ကျရောက် သောအချိန်တွင် ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်ကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်း အောင်ကြည် ဦးဆောင်သော ပါတီအဖွဲ့ ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်း၍ အောင်မြင်စွာစိုက်ထူ ခဲ့ကြသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

 

၂၇ – ၉ – ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်ခဲ့ရာ တိုင်း /ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့် မဲဆန္ဒရှင် ရှမ်းတိုင်းရင်းသားများ စုစုပေါင်းအင်အား ၇၀ ဦးတက်ရောက်ခဲ့ပါသည်။
မင်္ဂလာအချိန်တွင် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက်ထူ
ခဲ့ပြီး သုတဘဏ်စာကြည့်တိုက်အတွင်း ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်း ၊ ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်းဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့်အဖွဲ့ သည် ၁၀:၁၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် သဇင်အေးရပ် ရှမ်းတိုင်းရင်းသား ဦးစိုင်းစိုးမင်းနေအိမ်တွင် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၅၀ ဦးနှင့် တွေ့ဆုံခဲ့ပါသည်။

ရန်အောင်မြင်ဆုတောင်းရစေတီ ထီးတင်ပွဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ နဝကမ္မအလှူတော်ငွေများ လှူဒါန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၂၅

ပြင်​ဦးလွင်​မြို့နယ်​တွင်​ ကျင်းပ​​သော “၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၅)၊ ပြင်ဦးလွင်

 

ပြင်​ဦးလွင်မြို့နယ်​၊ကျွဲနွား​ထောက်​​ကျေးရွာခန်းမတွင်​ ယ​နေ့နံနက်​(၉)နာရီ(၃၀)မိနစ်​မှ(၁၁)နာရီ(၃၀)မိနစ်​အထိ ကျင်းပ​သော“၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိုင်းအောင်​ကြည်​အား မဲဆန္ဒရှင်​ပြည်​သူလူထုထံ မိတ်​ဆက်​၍ ၎င်း၏ကိုယ်​​ရေးအကျဉ်းအား တွဲဖက်​အခမ်းအနားမှူး​ဒေါ်ဟန်​နီ​ဇော်​မှ ဖတ်​ကြား​ပေးခဲ့သည်​။

လျှပ်စစ်မီးလင်းရေးအတွက် လှူဒါန်းပွဲ လွှတ်တော်ကိုယ်စားလှယ်တက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွှေစစ်သည်အုပ်စု ရွာသစ်ကျေးရွာ ဘုရားကုန်းဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ လျှပ်စစ်မီးလင်းရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ပင့်သံဃာ ငါးပါးတို့အား ဆွမ်းကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်း ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ရာ စုစုပေါင်းကျပ်သိန်း ၁၄ဝ တိတိ လှူဒါန်းပေးအပ်ခဲ့ပြီး အလှူငွေပေးအပ်ပွဲသို့ မိတ္ထီလာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ ကြသည်။

တိုင်းပြည်အတွက် လုပ်အားချင်း သစ္စာတရားခြင်းပြိုင်မည်ဟု သပိတ်​ကျင်းမြို့နယ်​(၆)မိုင်​​ကျေးရွာတွင်​ ကျင်းပသည့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးပြော

 

သပိတ်​ကျင်း၊ စက်​တင်​ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး သပိတ်​ကျင်းမြို့နယ်​၊(၆)မိုင်​​ကျေးရွာ၊(၆)မိုင်​ကွင်းတွင်​ ယ​နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပ​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေး လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။