ပြင်​ဦးလွင်​မြို့နယ်​တွင်​ ကျင်းပ​​သော “၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၅)၊ ပြင်ဦးလွင်

 

ပြင်​ဦးလွင်မြို့နယ်​၊ကျွဲနွား​ထောက်​​ကျေးရွာခန်းမတွင်​ ယ​နေ့နံနက်​(၉)နာရီ(၃၀)မိနစ်​မှ(၁၁)နာရီ(၃၀)မိနစ်​အထိ ကျင်းပ​သော“၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိုင်းအောင်​ကြည်​အား မဲဆန္ဒရှင်​ပြည်​သူလူထုထံ မိတ်​ဆက်​၍ ၎င်း၏ကိုယ်​​ရေးအကျဉ်းအား တွဲဖက်​အခမ်းအနားမှူး​ဒေါ်ဟန်​နီ​ဇော်​မှ ဖတ်​ကြား​ပေးခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားပြီး​နောက်​ ပါတီကိုယ်စားပြုဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိုင်း​အောင်​ကြည်​တို့မှ မိတ်​ဆက်​စကား ​ပြောကြားခဲ့ကာ အခမ်းအနားအား ​ကြွေး​ကြော်​သံများဖြင့်​ ​အောင်​မြင်​စွာရုပ်​သိမ်းခဲ့သည်​။

ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ
ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီးနယ်​ ​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​၊မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း​မောင်​၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဋ္ဌဦးဝင်းကြည်​နှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးစိုင်း​အောင်​ကြည်​၊ပြင်​ဦးလွင်​မြို့နယ်​ပါတီဥက္ကဌဦး​လင်း​ဇော်​မင်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီဝင်​များနှင့်​ပါတီကို ​ထောက်​ခံအား​ပေး​သောမဲဆန္ဒရှင်​ပြည်​သူများ အပါအဝင်​ စုစု​ပေါင်း (၁၀၀၀)ဦး တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သိရသည်​။