တိုင်းပြည်အတွက် လုပ်အားချင်း သစ္စာတရားခြင်းပြိုင်မည်ဟု သပိတ်​ကျင်းမြို့နယ်​(၆)မိုင်​​ကျေးရွာတွင်​ ကျင်းပသည့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးပြော

 

သပိတ်​ကျင်း၊ စက်​တင်​ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး သပိတ်​ကျင်းမြို့နယ်​၊(၆)မိုင်​​ကျေးရွာ၊(၆)မိုင်​ကွင်းတွင်​ ယ​နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပ​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေး လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံ ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​ စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ သပိတ်​ကျင်းမြို့နယ်​၊မဲဆန္ဒနယ်​အမှတ်​(၁)၊တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမြင့်​စိုးနှင့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦစိုင်းအောင်​ကြည်​တို့အား မဲဆန္ဒရှင်​ပြည်​သူလူထုထံ မိတ်​ဆက်​၍ ၎င်း၏ကိုယ်​​ရေးအကျဉ်း အား တွဲဖက်​အခမ်းအနားမှူး​မှ ဖတ်​ကြား​ပေးခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးက ” ဒီကနေ့ ကျွန်တော်တို့က အစိုးရမဟုတ်တော့ဘူး။ အတိုက်အခံပါတီဖြစ်တယ်။ ကျွန်တော်ပြည်သူလူထုနဲ့တွေ့တိုင်း ပါတီဝင်တွေနဲ့တွေ့တိုင်း ကျွန်တော်တို့ပါတီဟာ အတိုက်အခံပါတီမဟုတ်ပါ။ ပြိုင်ဘက်ပါတီဖြစ်တယ်။ ဘာတွေပြိုင်မလည်း။ တိုင်းပြည်အတွက် ဘာတွေပြိုင်လုပ်မှာလည်း။ တိုင်းပြည်ပေါ်မှာထားတဲ့ သစ္စာတရားပြိုင်မယ်။ လုပ်အားခြင်းပြိုင်မယ်။ စေတနာခြင်း ပြိုင်မယ်။အဲ့ဒါ ကျွန်တော်တို့ သဘောထားတဲ့ ပြိုင်ဘက်ပါတီရဲ့ သဘောထားပါဘဲ” ဟု နှုတ်​ ခွန်းဆက်​အမှာစကား​ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ပါတီကိုယ်​စားပြုဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ သပိတ်​ကျင်းမြို့နယ်​၊မဲဆန္ဒနယ်​အမှတ်​(၁)၊တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမြင့်​စိုးနှင့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးစိုင်း​အောင်​ကြည်​တို့မှ မိတ်​ဆက်စ ကား ​ပြောကြားခဲ့ကာ အခမ်းအနားအား ​ကြွေး​ကြော်​သံများဖြင့်​ ​အောင်​မြင်​စွာရုပ်​သိမ်းခဲ့သည်​။

ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ
ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီးနယ်​ ​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​၊မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း​မောင်​၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဋ္ဌဦးဝင်းကြည်​နှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးစိုင်း​အောင်​ကြည်​၊သပိတ်​ကျင်းမြို့နယ်​ပါတီဥက္ကဋ္ဌဦးထွန်းတင့်​နှင့်​မြို့နယ်​ပါတီ​ ကော်​မတီဝင်​များ၊ပါတီဝင်​များနှင့်​ပါတီကို ​ထောက်​ခံအား​ပေး​သောမဲဆန္ဒရှင်​ပြည်​သူများ အပါအဝင်​ စုစု​ပေါင်း ၂၀၀၀ ဦး တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သိရသည်​။