မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

 

၂၇ – ၉ – ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်ခဲ့ရာ တိုင်း /ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့် မဲဆန္ဒရှင် ရှမ်းတိုင်းရင်းသားများ စုစုပေါင်းအင်အား ၇၀ ဦးတက်ရောက်ခဲ့ပါသည်။
မင်္ဂလာအချိန်တွင် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက်ထူ
ခဲ့ပြီး သုတဘဏ်စာကြည့်တိုက်အတွင်း ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်း ၊ ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်းဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့်အဖွဲ့ သည် ၁၀:၁၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် သဇင်အေးရပ် ရှမ်းတိုင်းရင်းသား ဦးစိုင်းစိုးမင်းနေအိမ်တွင် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၅၀ ဦးနှင့် တွေ့ဆုံခဲ့ပါသည်။