ပါတီဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ မိတ္ထီလာမြို့တွင်ကျင်းပ

 

မိတ္ထီလာ စက်တင်ဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ အမျိုးသမီးနှီးနှောဖလှယ် ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီမှစတင်၍ မြို့နယ်အစည်းအ ဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်သုံး ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး အစီအစဉ် ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီး အခမ်းအနားကို နိုင်ငံ တော်အလံအလေးပြု၍ နိုင်ငံတော် သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ သည်။ ဆက်လက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မိုးက အဖွင့် အမှာစကားပြောကြားပြီး အခမ်း အနားမှူးဒေါ်မေသန့်ဇင်က အမျိုး သမီးညီလာခံအကြို အမျိုးသမီးနှီး နှောဖလှယ်ပွဲကျင်းပမည့်အစီအစဉ် များကို ဖတ်ကြားပြီး အစီအစဉ် အရ သတ်မှတ်ခေါင်းစဉ်အလိုက် စုဖွဲ့ငယ်များဖွဲ့၍ ဆွေးနွေးနိုင်ရေး ကို မြို့နယ်ကော်မတီများမှ စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး အစုအဖွဲ့လေး ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။

အခမ်းအနားတတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ရာ သဘာပ တိအဖွဲ့ ပြန်လည်နေရာယူပြီး နောက် နှီးနှောဖလှယ်ပွဲတွင် အစု အဖွဲ့အလိုက် ဆွေးနွေးတွေ့ရှိချက် စာတမ်းများကို အမျိုးသမီးကိုယ် စားလှယ်များက ဖတ်ကြားတင် သွင်းမည့်စာတမ်းများဖြစ်ကြသော မြန်မာအမျိုးသမီးများနှင့် မြန်မာ နိုင်ငံရေးကဏ္ဍမြှင့်တင်ရေး၊ အမျိုး သမီးများဘဝလုံခြုံမှုစာတမ်း၊ ငြိမ်း ချမ်းသာယာမှုလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးစာတမ်း၊ အမျိုးသမီး ထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းရေးစာတမ်း၊ အမျိုးသမီး များ၏ အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ရေးစာတမ်း၊ ပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီဝင်အမျိုးသမီးများ ကို စဉ်ဆက်မပြတ်လေ့ကျင့်ပျိုး ထောင်ပေးရေးစာတမ်း စသည်တို့ ကိုအသီးသီးဖတ်ကြားတင်သွင်းကြ သည်။ ထို့နောက် ဗဟိုအမျိုးသမီး ညီလာခံအကြို အမျိုးသမီးနှီးနှော ဖလှယ်ပွဲတွေ့ရှိချက် ဆုံးဖြတ်ချက် နှင့်ရှေ့လုပ်ငန်းစဉ်များကို သဘာ ပတိဒေါ်သင်းယုဝေက ဖတ်ကြား အတည်ပြု၍ ဗဟိုအမျိုးသမီး ညီလာခံအကြို အမျိုးသမီးနှီးနှော ဖလှယ်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါဗဟိုအမျိုးသမီးညီလာခံ အကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီဝင်ဒေါက်တာမောင်သင်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုးသန်း၊ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ မိတ္ထီလာ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော် မတီဝင်များ၊ အမျိုးသမီးနှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ကိုယ်စား လှယ်များ စုစုပေါင်း ၂ဝဝ တက် ရောက်၍ အခမ်းအနားကို ပြည်ခိုင် ဖြိုးသီချင်းဖြင့် သံပြိုင်သီဆိုကာ အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)