မစ္စရန်ဟီးလီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားအဖွဲ့များ ငြင်းဆို

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားအင်အားစုများက ငြင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

Yan Ke Le

(more…)


မြန်မာနိုင်ငံမြောက်ဖျားရှိ တောင်ပေါ် ဆက်စပ်သစ်တောဒေသကို ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်ရန် ၂ဝ၁၈ ခုနှစ်တွင် တင်သွင်းမည်

မြန်မာနိုင်ငံမြောက်ဖျားရှိ တောင်ပေါ်ဆက်စပ်သစ်တောဒေသကို နော်ဝေ အမွေအနှစ်ဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်နိုင်ရန် ၂ဝ၁၈ ခုနှစ်တွင် တင်သွင်းမည်ဖြစ် ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

UNsko

(more…)


မွန်ပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများကို အိမ်ထောင်စုစာရင်း လုပ်ပေးမည့်စီမံချက် ပြန်လည် ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီ တောင်းဆို

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်ကြသူများ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုး ဆောင်ရွက်ပေးရေး လ.၀.က ၏ စီမံချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီ (Mon National Party) က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ (more…)


နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် (မုန်းဝန်း) ဗမာဟု ဆက်လက်ရေးသွင်းနေခြင်းသည် နောင်တစ်ချိန်တွင် တိုင်းရင်းသား အသိအမှတ်ပြုမှု ရှုပ်ထွေးလာနိုင်၍ မုန်းဝန်းဟုသာ ရေးသွင်းသင့်ကြောင်း SNLD လွှတ်တော်ကိုယ်စားလှယ် တောင်းဆို

မုန်းဝန်းလူမျိုးအား တိုင်းရင်းသားအဖြစ် အတည်ပြုထားခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဖြေကြားထား၍ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် (မုန်းဝန်း) ဗမာဟု ဆက်လက်ရေးသွင်းနေခြင်းသည် နောင်တစ်ချိန်တွင် တိုင်းရင်းသား အသိ အမှတ်ပြုမှု ရှုပ်ထွေးလာနိုင်သောကြောင့် မုန်းဝန်းဟုသာ ရေးသွင်းသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဝင် နမ္မတူမဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစံဟွမ်က တောင်းဆို ပြောကြားသည်။ (more…)


ပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး ဟင်္သာတမြို့ အင်းဝင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ အလှူငွေ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇွန်လ(၂၁) ရက် နေ့လည် (၃) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဟင်္သာတခရိုင်ပါတီ အလုပ်အမှုဆောင် များ၊ ဟင်္သာတမြို့နယ် ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များလိုက်ပါလျှက် ဟင်္သာတမြို့နယ် အင်းဝင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံသည်။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၃) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရူံး၌ ကျင်းပရာ ရှေးဦးစွာ သဘာပတိအဖွဲ့မှနေရာယူပြီး အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်း ကြေညာကာ သဘာပတိ ဦးမြင့်လွင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

13438903_612169332285915_8815089449310671120_n

(more…)


မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ မြင်းခြံခရိုင်နှင့် လေးမြို့နယ်မှ ကော်မတီဝင်များနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်သည် တိုင်းပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ စည်းရုံးရေးတာဝန်ခံ ဦးအောင်ဇံ၊ ခရိုင်တာဝန်ခံ ဦးမျိုးမြင့်တို့နှင့်အတူ ဇွန်လ (၂၂) ရက် နံနက် (၉) နာရီအချိန်က မြင်းခြံခရိုင်နှင့် လေးမြို့နယ်မှ ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးရုံး အစည်းဝေးခန်းမတွင် တွေ့ဆုံ၍ ဖွဲ့စည်းရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ (နာယက) တာချီလိတ်ခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (နာယက)၊ ရှမ်းပြည်နယ် လွှတ်တော်ကော်မတီ (နာယက) ဦးအောင်သန်းထွဋ်သည် ဇွန်လ (၂၂) ရက် နေ့လည် (၁၂) နာရီ အချိန်တွင် တာင်္ချီလိတ်မြို့၊ မကားဟိုခမ်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးသို့ရောက်ရှိပြီး ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/အုပ်စု စည်းရုံး ရေးမှူးများ စုစုပေါင်း အင်အား (၄၅)ဦးနှင့် တွေ့ဆုံခဲ့သည်။

“လူမှန်နေရာမှန်၊ စစ်မှန်သောခေါင်းဆောင်များကို ရွေးချယ်ပေးကြရန်” မိုးညှင်းခရိုင် နယ်မြေတာဝန်ခံ ဦးကျော်စိုးလေး ပြောကြား

“အိမ်ထောင်ဦးစီးကို မည်သူမျှ တာဝန်ပေးခန့်အပ်ခဲ့ခြင်း မဟုတ်ကြောင်း၊ သို့သော် မိသားစုတစ်စုရဲ့ ခေါင်းဆောင်ပီသစွာ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်အဝနဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေ စေရန် ကျားကုတ်ကျားခဲ အားထုတ်ကြိုးပမ်းခဲ့ကြကြောင်း၊

ထိုနည်းတူ အဖွဲ့အစည်းတစ်ခု၊ ဒေသတစ်ခု နိုင်ငံတစ်ခုတွင် ခေါင်းဆောင် များရှိကြကြောင်း၊ အဆိုပါ ခေါင်းဆောင်များကိုမူ တာဝန်ပေး ခန့်အပ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ သို့သော် အဆိုပါခေါင်းဆောင်များသည် လွတ်လပ်စွာ တွေးခေါ် မြော်မြင် ဆုံးဖြတ်ဆောင်ရွက်ခွင့်မရှိဘဲ ညွှန်ကြားမှလုပ်မည်၊ ခိုင်းမှလုပ်မည် ဆိုပါက ကိုယ်စားပြုခေါင်းဆောင်မဟုတ်ပဲ ဟုတ်ကဲ့ခေါင်းဆောင် ဟန်ပြ ခေါင်းဆောင်သာ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်လွှတ်တော်ကော်မတီများရဲ့(နာယက) ဦးအောင်သန်းထွဋ် ကျိုင်းတုံခရိုင်/မြို့နယ် ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (နာယက)၊ ရှမ်းပြည်နယ် လွှတ်တော်ကော်မတီဝင်များ၏ (နာယက) ဦးအောင်သန်းထွဋ်သည် ဇွန်လ (၂၁) ရက် နံနက် (၈) နာရီအချိန်တွင် ရောက်ရှိလာပြီး ပြည်နယ်ပါတီကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ ရက်ကွက် ကျေးရွာအုပ်စု ပါတီ ခေါင်းဆောင်၊ ဒု ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို အသေးစိပ် တွေ့ဆုံ ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။