ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၃) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရူံး၌ ကျင်းပရာ ရှေးဦးစွာ သဘာပတိအဖွဲ့မှနေရာယူပြီး အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်း ကြေညာကာ သဘာပတိ ဦးမြင့်လွင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

13438903_612169332285915_8815089449310671120_n

ထို့နောက် တိုင်းဒေသကြီးပြန်လည်ပြင်ဆင်ရေးအဖွဲ့မှ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ချိုဦး က ရွေးချယ်ပုံအဆင့်ဆင့်နှင့် ပါတီ၏သိကောင်းစရာများကို ရှင်းလင်း ဆွေးနွေး၍ မြို့နယ် ပါတီကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား မြို့နယ်ပါတီအတွင်းရေးမှူး ဦးစည်သူအောင်က အစီရင်ခံတင်ပြ၍ မြို့နယ်ပါတီကော်မတီဝင် (အဟောင်း) များမှ နုတ်ထွက်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင်နှင့် အရန်ကော်မတီဝင်အသစ်စာရင်းကို ခရိုင်ပါတီ ကော်မတီဝင် ဦးအောင်မိုးက တင်သွင်းကာ သဘာပတိ ဦးမြင့်လွင်က တက်ရောက်လာကြ သူများထံမှ အတည်ပြုမှုရယူပြီး အစီအစဉ်ပထမပိုင်းကို မွန်းလွဲ ၁ နာရီ ၄၅မိနစ်တွင် ရပ်နားခဲ့သည်။

ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အစုအဖွဲ့များမှ စာတမ်းများဖတ်ကြားကြပြီး ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းကို ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်က ပြန်လည် ဆွေးနွေး၍ ခရိုင်ပါတီမျက်နှာစုံညီအစည်းအဝေးပွဲသို့ တက်ရောက်နိုင်မည့် ကိုယ်စားလှယ်စာရင်း အားသဘာပတိက ကြေညာသည်။

ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုဆုံးဖြတ်ကြပြီး သဘာပတိက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို အစီအစဉ်ငါးရပ်ဖြင့် ကျင်းပခဲ့ပြီး ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply