“စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက် သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်။” သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်


အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံး၊ ပုဂံ ရှေးဟောင်းစေတီပုထိုး ၁၈၀ ကျော် ထိခိုက်ပျက်စီး

ယမန်နေ့ညနေပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ည ၁၂ နာရီအထိရရှိသော သတင်းများအရ လူသုံးဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ စေတီပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၄ရက် ညနေ ၅နာ ရီ ၅မိနစ်က မကွေးတိုင်းဒေသကြီး ချောက်မြို့၏အနောက်ဘက် ၁၂  မိုင်ခန့် အကွာကို ဗဟိုပြု၍ အင် အားရစ်ခ်ျတာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ် ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။ (more…)


ငလျင်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများ ပြန်လည်ပြုပြင်ရန် ယူနက်စကို ကူညီမည်

ငလျင်ဒဏ်ကြောင့်ပျက် စီးသွားသော ရှေးဟောင်းပုဂံမြို့ရှိ ဘုရားများကို အရေးပေါ်ကာလအဖြစ် သတ်မှတ်၍ ယူနက်စကိုအဖွဲ့က ပုဂံမြို့သို့ သွားရောက်စစ်ဆေးကာ စစ်တမ်းကောက်ယူမည်ဖြစ်ပြီး ဘုရားများပြန်လည် ပြုပြင်ရန် ငွေကြေးနှင့်နည်းပညာများ ကူညီမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု (ယူနက်စကို) ၏ ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက 7Day Daily အား ပြောကြားသည်။

 

The ancient Sulamuni temple is seen shrouded in dust as a 6.8 magnitude earthquake hit Bagan on August 24, 2016. A powerful 6.8 magnitude earthquake struck central Myanmar on August 24, killing at least one person and damaging pagodas in the ancient city of Bagan, officials said. The quake, which the US Geological Survey said hit at a depth of 84 kilometres (52 miles), was also felt across neighbouring Thailand, India and Bangladesh, sending panicked residents rushing onto the streets.   / AFP PHOTO / SOE MOE AUNG / ìThe erroneous mention[s] appearing in the metadata of this photo by SOE MOE AUNG has been modified in AFP systems in the following manner: [Sulamuni temple] instead of [Dhammayangyi temple]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, please ensure that the same actions are carried out by them. Failure to promptly comply with these instructions will entail liability on your part for any continued or post notification usage. Therefore we thank you very much for all your attention and prompt action. We are sorry for the inconvenience this notification may cause and remain at your disposal for any further information you may require.î

(more…)


ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဘုရားများပြုပြင်ရန် ကူညီမည့်အသင်းအဖွဲ့ များကို အခမဲ့တည်းခိုခွင့် ပေးမည်

ယမန်နေ့ (သြဂုတ် ၂၄ ရက်) ညနေ ၅ နာရီကျော်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင်ရန်ကူညီ လှူဒါန်းပေးမည့် မည်သည့်ပရဟိတ အဖွဲ့အစည်းနှင့် အသင်းအဖွဲ့ကိုမဆို ပုဂံမြို့သစ်ရှိ ကုဋေအောင်ဟိုတယ်က အခမဲ့ တည်းခိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်မှ စုံစမ်းသိရှိရသည်။ (more…)


၂၁ ရာစုပင်လုံ ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက်မည်

၂၁ ရာစုပင်လုံညီလာခံသို့ အပစ်ရပ်စာချုပ်တွင် မပါဝင်သည့် အဖွဲ့များအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး ကျန်သုံးဖွဲ့ တက်ရောက်နိုင်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)၌ ပါဝင်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အပြင် NCAတွင် မပါဝင်သည့် ‘၀’၊  မိုင်းလား၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ စသည့်အဖွဲ့များ တက်ရောက်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။ (more…)


အီးယူနှင့်မြန်မာကြား အပြန်အလှန်ဖြည့်ဆည်းသည့် စီးပွားရေးစနစ် ဆောင်ရွက်မည်

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများ(အီးယူ)အကြား အပြန်အလှန် ဖြည့်ဆည်းပေးသည့် စီးပွားရေးစနစ်ဖြင့် ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဥရောပသမဂ္ဂသံရုံးမှ သံအမတ် ရိုလန်ကိုဘီးယားကပြောကြားသည်။ (more…)


၂၁ ရာစု ပင်လုံညီလာခံသို့ ရွေးကောက်ပွဲအနိုင်မရပါတီများ ကိုယ်စားလှယ်ငါးဦးသာရွေးချယ်ခွင့်နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့တွင် ပါဝင်ခွင့်မရခြင်းကို ကန့်ကွက်

၂၁ ရာစုပင်လုံညီလာခံတွင် ရွေးကောက်ပွဲအနိုင်မရရှိခဲ့သည့် နိုင်ငံရေးပါတီ ၇၀ မှ ငါးဦးသာ ရွေးချယ်၍ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် ပါဝင်ဆွေးနွေးရန် အစီအစဉ်ကို ကန့်ကွက်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင် မရရှိခဲ့သည့်ပါတီများက ထုတ်ပြန်ကြေညာသည်။ (more…)


ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ ချီးမြင့်ငွေနှင့် စရိတ်သတ်မှတ်ချက်အား ပြန်လည်သုံးသပ်မည်

နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအတွက် သတ်မှတ်ထားသည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ပြန်လည် သုံးသပ်ပေးပါရန် မန္တလေးတိုင်း၊ အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ဩဂုတ် (၂၂) ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အရေးဆိုလိုက်သည်။ (more…)


ရုပ်သံလိုင်းသစ်ငါးခု လုပ်ကိုင်ခွင့်ကို လက်ရှိ ရုပ်သံကုမ္ပဏီများ လျှောက်ခွင့်မပြုဟုဆို

အသစ်ထပ်မံ ထုတ်လွှင့်ခွင့်ပြုမည့် ရုပ်သံလိုင်းငါးခုကို ယခင်လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများကို ၀င်ရောက် လျှောက်ထားခွင့် ပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။ (more…)


အရေးပေါ်စီမံချက်အက်ဥပဒေ ပယ်ဖျက်

အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းရန် ယနေ့ (သြဂုတ်လ ၂၄ ရက်နေ) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  အတည်ပြုလိုက်သည်။ (more…)