ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဘုရားများပြုပြင်ရန် ကူညီမည့်အသင်းအဖွဲ့ များကို အခမဲ့တည်းခိုခွင့် ပေးမည်

ယမန်နေ့ (သြဂုတ် ၂၄ ရက်) ညနေ ၅ နာရီကျော်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင်ရန်ကူညီ လှူဒါန်းပေးမည့် မည်သည့်ပရဟိတ အဖွဲ့အစည်းနှင့် အသင်းအဖွဲ့ကိုမဆို ပုဂံမြို့သစ်ရှိ ကုဋေအောင်ဟိုတယ်က အခမဲ့ တည်းခိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်မှ စုံစမ်းသိရှိရသည်။

“ကျွန်မတို့ ဟိုတယ်က ပုဂံမြို့သစ် ထီးမင်းယဉ်လမ်းမှာရှိပါတယ်။ စေတီပုထိုးတွေ ပျက်စီးမှုနဲ့ ပတ်သက်ပြီး ပြုပြင်လှူဒါန်းပေမယ့် မည့်သည့်အသင်းအဖွဲ့မဆို အဖွဲ့လိုက် အခမဲ့ တည်းခိုးခွင့်ပေးသွားမှာဖြစ်ပါတယ်။ ဒေသခံတွေနဲ့ အတူ လိုအပ်တာတွေကို ကူညီပူးပေါင်းဆောင်ရွက်တဲ့သဘောပါ” ဟု ကုဋေအောင်ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မသိန်းသိန်းအောင်က ယနေ့ နံနက် ၁၁ နာရီခန့်က The Voice သို့ ပြောကြားသည်။

လုံလောက်သည့် အခန်းအရေအတွက်လည်း ရှိကြောင်းနှင့် ဆက်သွယ်လိုသူများအနေဖြင့် ဖုန်း-၀၆၁ ၂၄၆၄၀၀၁၊ ၀၆၁ ၂၄၆၄၀၁၄ နှင့် ၀၆၄ ၂၄၆၄၀၁၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အဆိုပါဟိုတယ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

# The Voice


Leave a Reply