မကွေးတိုင်းဒေသကြီးပါတီကော်မတီ အပတ်စဉ် လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ က တိုင်းဒေသကြီးပါတီအစည်း အဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ် စွာဖြင့် လုပ်ကိုင်ပါက ပိုမိုအောင်မြင်သည်မှာ လက်တွေ့ဖြစ်ကြောင်း၊ ပါတီ ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်များအကြား လုပ်ငန်းဆက်သွယ်မှု ချောမွေ့စေရေး အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပါတီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ တက်ရောက်လာသော ကော်မတီဝင်များက အကြံပြု ဆွေးနွေး မှုများ ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

သံဖြူဇရပ်ပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအဝေုးပြုလုပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ ရေးရာကော်မတီကိစ္စရပ်များအားဆွေးနွေးကြကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


တိုင်း၊ ခရိုင်၊ အမရပူရမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာလ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က တိုင်း/ခရိုင်/မြို့နယ်ကော်မတီမျာတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး အနောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော် မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းသင်းမိုးတို့သည် စက်တင် ဘာလ (၂၇)ရက် နေ့လည် (၁) နာရီအချိန်က အနောက်ပိုင်းခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဂျာမန်အခြေစိုက် Bosch နည်းပညာကုမ္ပဏီ မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်တွင် ယူရိုသန်း ၈၀ ရင်းနှီးမြှုပ်နှံမည်

13081804_1136480829709399_320826700_n

ဂျာမနီအခြေစိုက် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Bosch သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဈေး ကွက်တွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ယူရိုသန်း ၈၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

‘‘အရှေ့တောင်ဒေသဟာ Bosch လုပ်ငန်းစုအတွက် အရေးပါတဲ့  ဈေးကွက်ကြီးတစ်ခုပါ။ ဒေသတွင်း ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ယခုနှစ် အတွင်းမှာ ယူရို သန်း ၈၀ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စီစဉ်နေ ပါတယ်’’ဟု အရှေ့ တောင်အာရှဈေးကွက်တာဝန်ခံ Bosch လုပ်ငန်းစု၏ အုပ်ချုပ်ရေး ဒါရိုက်တာ Peter Tyroller က ပြောသည်။

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကိုအရေးယူဖို့ လွှတ်တော်အတည်ပြု၊ ကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ဆက်လုပ် သွားမယ်လို့ သမ္မတရုံးပြောခွင့်ရသူပြော

 

13081804_1136480829709399_320826700_n

လူ့အခွင့်အရေးကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အချို့အားထိရောက်စွာ အရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် စက်တင်ဘာ (၂၆) ရက်က ပြည်သူ့ လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးအား လစာမပေးဘဲ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဆိုသော ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ၏ အမှုအပေါ် လျော်ကြေးဖြင့် ကြေအေးရန် ညှိနှိုင်းဖြေရှင်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်မပေးသဖြင့် ထိရောက်စွာ အရေးယူရန် ဒေါပုံအမတ် ဦးပြုံးချို၏ အရေးကြီးအဆိုအား လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

အလုပ်သမား ဥပဒေများ ပြန်လည် ပြင်ဆင်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးမည်

13081804_1136480829709399_320826700_n

အလုပ်သမားဆိုင်ရာ ဥပဒေများအပေါ် ပြန်လည်ပြင်ဆင်ရန်နှင့် အလုပ်သမားများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ပြုလုပ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စာလှယ်များ တွေ့ဆုံဆွေးနွေးကာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါဖိုရမ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO)၊ အမေရိကန်၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် စက်တင်ဘာလ ၂၉ရက်နှင့် ၃ဝ ရက်များတွင် ကျင်းပမည် ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရန် နည်းလမ်းရှာဆွေးနွေးခဲ့ဟုဆို

13081804_1136480829709399_320826700_n

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ် ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ အားလုံးပါဝင်နိုင်ရန် နည်းလမ်းအဖြေ ရှာ ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် တစ်မြို့လုံးနီးပါး နိုင်ငံတော်သီချင်းဖွင့် ၍ ပြည်သူများ အလေးပြုခြင်း အစီအစဉ် စတင်

13081804_1136480829709399_320826700_n

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနယ်စပ် ဂိတ်ဝတွင် ဇူလိုင် ၂၂ ရက်မှစတင်၍ နိုင်ငံတော်သီချင်း စတင်ဖွင့်လှစ် အလေးပြုခြင်း အစီအစဉ်စတင်ခဲ့ပြီးနောက် ယခု အခါ စက်တင်ဘာ ၂၆ ရက်မှစတင်၍ မြဝတီတစ်မြို့လုံးနီးပါး နိုင်ငံတော်သီချင်း ဖွင့်လှစ်၍ အလေးပြုနိုင်ရန် ထပ်မံဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် အလှူဒါနအရက်ရောဆုံးနိုင်ငံအဖြစ် မြန်မာသုံးနှစ်ဆက်တိုက် ရပ်တည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၂၀၁၆ ခုနှစ်၏ အလှူဒါန အရက်ရောဆုံးတိုင်းပြည်အဖြစ် သုံးနှစ်ဆက်တိုက် သတ်မှတ်ခံရပြီး နိုင်ငံသားများသည် ပုံမှန်ကုသိုလ်ပြု လှူဒါန်းမှုများ ဆောင်ရွက်နေကြကြောင်း အမေရိကန် အခြေစိုက် Gallup သုတေသန ကုမ္ပဏီ၏ စစ်တမ်းတွင်ဖော်ပြ ထားသည်။