ဂျာမန်အခြေစိုက် Bosch နည်းပညာကုမ္ပဏီ မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်တွင် ယူရိုသန်း ၈၀ ရင်းနှီးမြှုပ်နှံမည်

13081804_1136480829709399_320826700_n

ဂျာမနီအခြေစိုက် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Bosch သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဈေး ကွက်တွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ယူရိုသန်း ၈၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

‘‘အရှေ့တောင်ဒေသဟာ Bosch လုပ်ငန်းစုအတွက် အရေးပါတဲ့  ဈေးကွက်ကြီးတစ်ခုပါ။ ဒေသတွင်း ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ယခုနှစ် အတွင်းမှာ ယူရို သန်း ၈၀ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စီစဉ်နေ ပါတယ်’’ဟု အရှေ့ တောင်အာရှဈေးကွက်တာဝန်ခံ Bosch လုပ်ငန်းစု၏ အုပ်ချုပ်ရေး ဒါရိုက်တာ Peter Tyroller က ပြောသည်။

Bosch သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဈေးကွက်၌ ဝန်ထမ်းပေါင်း ၆,၈၀၀ ကျော်ဖြင့် လုပ်ငန်းလည် ပတ်လျက်ရှိပြီး ၂၀၁၅ တွင် အရှေ့တောင် အာရှဈေးကွက်၌ ၁၂ ရာ ခိုင်နှုန်းအထိ ရောင်းအားမြင့် တက်လာခဲ့ပြီး နည်းပညာထုတ် ကုန်များ ရောင်းချမှုမှ ယူရိုသန်း ၇၈၀ ကျော်အထိ ရရှိခဲ့သည်။

အရှေ့တောင်အာရှဒေသသည် ဈေးကွက်အတွင်း အဆင့် မြင့်နည်းပညာများကို အခြေခံ၍ ထုတ်လုပ်ထားသည့် ပစ္စည်းကိရိယာများကြားတွင် အင်တာနက် ဖြင့် ချိတ်ဆက်ဆက်သွယ်နိုင် သည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာမည့် အလားအလာကောင်း များ တွေ့ရှိနေ၍ ယခုလို ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း Bosch က ဆိုသည်။

Bosch သည် မော်တော်ယာဉ်များအတွက် ရွေ့လျားမှုဆိုင်ရာ ပံ့ပိုးခြင်းနည်းပညာ၊ စက်မှုလုပ်ငန်းသုံးနည်းပညာ၊ အိမ်သုံးပစ္စည်းများ၊ စွမ်းအင်နှင့်အဆောက်အအုံ ဆိုင်ရာနည်းပညာတို့ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရ သည်။

# 7 Day Daily


Leave a Reply