မကွေးတိုင်းဒေသကြီးပါတီကော်မတီ အပတ်စဉ် လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ က တိုင်းဒေသကြီးပါတီအစည်း အဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ် စွာဖြင့် လုပ်ကိုင်ပါက ပိုမိုအောင်မြင်သည်မှာ လက်တွေ့ဖြစ်ကြောင်း၊ ပါတီ ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်များအကြား လုပ်ငန်းဆက်သွယ်မှု ချောမွေ့စေရေး အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပါတီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ တက်ရောက်လာသော ကော်မတီဝင်များက အကြံပြု ဆွေးနွေး မှုများ ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က တစ်ပတ်အတွင်း ပါတီဌာနချုပ်မှ ရောက်ရှိ လာသော ညွှန်ကြားစာများ၊ ခရိုင်၊ မြို့နယ်များမှ ပေးပို့လာသော ဝင်စာ၊ ထွက်စာများ၊ ထူးခြားဖြစ်စဉ်များအား ဖတ်ကြားဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းက တိုင်းဒေသကြီးပါတီမှ ဆောင်ရွက် လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီ ဦးအောင်နိုင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြခဲ့ရာ ယင်းဆွေးနွေးချက်များ အပေါ် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်(မကွေး)


Leave a Reply