မအူပင်မြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကျင်းပ

 

မအူပင် စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ပါတီဝင်များနှင့်တွေ့ဆုံ ပွဲများကျင်းပလျက်ရှိရာ ယမန် နေ့နှင့် ယနေ့တွင် ရပ်/ကျေးပါတီ ဝင်များနှင့် တွေ့ဆုံပွဲများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အာဟာရဒါနကျွေးမွေးလှူဒါန်း

 

ပန်းတနော် စက်တင်ဘာ ၃

ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် ဘိတ်ကျောင်းဘုန်း တော်ကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်ကြသော ပုဂ္ဂိုလ် များနှင့် ဓမ္မစကူးလ်သင်ကျောင်းသား ကျောင်းသူများအား ပန်း တနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်ခင်မိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များက ယနေ့နံနက် ၁ဝ နာရီခွဲ၌ အာဟာရဒါနထမင်းကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)


မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်ရပ်/ကျေးပါတီဝင် များနှင့် တွေ့ဆုံပွဲများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပန်းပင်စု ကျေးရွာအုပ်စုခွာလေးကျွန်းကျေးရွာ လေးကျွန်းစင်္ကြာဘုန်းတော်ကြီး ကျောင်း၌ ပန်းပင်စုကျေးရွာ အုပ်စုမှပါတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂ဝဝ ဝင်ရောက်

 

ကျုံးပျော် သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီသည် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကို အထောင်တိုက် နယ် မဲဂရက်ကျေးရွာအုပ်စုတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့ရာ မဲဂရက်ကျေးရွာအုပ်စုမှ ပြည်သူ ၂ဝဝတို့မှ ပါတီသို့ဝင်ခွင့် ပြုရန်အတွက် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့သည်။ အခမ်း အနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့သည်။

ဒေသခံများ၏အခက်အခဲများ ဖြေရှင်းပေးရန် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

မြန်အောင် သြဂုတ် ၂၇

မြန်အောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၂၆

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည်ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို (၃)ရပ်ကွက် မြို့မရေလယ်ကျွန်း ကျေးရွာပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁နာရီ က ကျင်းပခဲ့ကြောင်းသိရသည်။

မေတ္တာအခါတော်နေ့တွင် ဖျာပုံမြို့ ရှေးဟောင်းဆုတောင်းပြည့်အနန္တသကျမုနိမြောက်ပိုင်းဘုရားကြီးဘုရားအနေကဇာတင် ရွှေသင်္ကန်းဆက်ကပ်ပူဇော်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲကျင်းပ

 

ဖျာပုံ သြဂုတ် ၂၆

ဖျာပုံမြို့ မြောက်ပိုင်းအရပ်ရှိ ရှေ့ဟောင်းသမိုင်းဝင် အနန္တသကျ မုနိ ယိမ်းကိုယ်တော်ကြီး ရုပ်ပွား တော်၊ ယိမ်းညွှန့်ကိုယ်တော်ကြီး ရုပ်ပွားတော်၊ညွှန့်ပေါင်းကိုယ်တော် ကြီးရုပ်ပွားတော်၊ ဘုငါးဆုရုပ်ပွား တော်များအား ဘုရားအနေကဇာ တင်၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေး အပ်ပွဲနှင့် ရေစက်သွန်းချလှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက မြောက်ပိုင်းဘုရားကြီး၌ အလှူတော်အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုပျက်သွားသော အိမ်အား ပြန်လည်တည်ဆောက်ပေး

 

မအူပင် သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသန်းစိုး ဦးဆောင်သော ကျေးရွာပါတီဝင်များသည် ယမန်နေ့၌ မအူပင်မြို့နယ် ကဝက္ကင်းကျေးရွာ အုပ်စု စာဖြူစုကျေးရွာ ဆည်မြောင်းတာပေါင်ဘေးတွင် နေထိုင်သော ပါတီဝင် ဒေါ်စန်းယုံ၏ သဘာဝဘေးအန္တရာယ်ကြောင့်ပြိုပျက်သွားသော နေအိမ်အား ပြန်လည်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါ်စန်းယုံတွင် မိသားစုအဖြစ် သမီးလူမမည်သုံးယောက် နှင့်အတူနေထိုင်လျက် ပြီးခဲ့သည့်လပိုင်းက သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ပြိုသွားခဲ့သည်။ ထို့အတွက် ဆည်မြောင်းပေါင်ပေါ်၌ မြေစိုက်တဲထိုး နေထိုင်ခဲ့ရရာ ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင် ဦးမျိုးမင်း-ဒေါ်အေးမြစန်း မိသားစုက ငွေကျပ်တစ်သိန်းမတည်ပြီး မြို့နယ်နှင့် ရပ်/ကျေးပါတီများမှ လိုအပ်သည်များ ထပ်မံဖြည့်ဆည်းကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းပါတီကော်မတီဝင် သုံးခွကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၂ဝ

ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းသည် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးအပါအဝင် မြို့ နယ် ပါတီကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီ၌ မအူပင်မြို့နယ် သုံးခွကျေးရွာအုပ်စု သုံးခွကျေးရွာ ရပ်မိရပ်ဖ ဦးစိုးမြင့်နေအိမ်တွင် ကျင်းပခဲ့ရာ သုံးခွကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။