မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်ရပ်/ကျေးပါတီဝင် များနှင့် တွေ့ဆုံပွဲများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပန်းပင်စု ကျေးရွာအုပ်စုခွာလေးကျွန်းကျေးရွာ လေးကျွန်းစင်္ကြာဘုန်းတော်ကြီး ကျောင်း၌ ပန်းပင်စုကျေးရွာ အုပ်စုမှပါတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌မအူပင်ခရိုင်ပြည်ခိုင် ဖြိုးပါတီအတွင်းရေးမှူး ဦးရန်နိုင် နှင့်မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစောသောင်းဒန်တို့က မိမိ ပါတီ၏ဆောင်ရွက်ခဲ့မှု၊ဆောင်ရွက် နေမှု၊ဆောင်ရွက်ရမည့်ကိစ္စရပ်များ နှင့်အတူ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသောအခြေအနေ အရပ် ရပ်အား ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးရန်နိုင် ၊မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်း ဒန်နှင့်မြို့နယ်ပါတီကော်မတီဝင် များ၊ ပန်းပင်စုကျေးရွာအုပ်စုပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်အုန်း၊ ကျေးရွာပါတီကော်မတီဝင်များနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)