တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေနှင့် ဘလောက်အုတ်များ လှူဒါန်းခြင်း

 

တာချီလိတ် ခရိုင် / မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွင်းဆင်းခရီးစဉ်တွင် မိုင်းကိုးအုပ်စုပန်ဟတ်၊အမကကျောင်းတွင် လိုအပ်နေသည့် ဘိလပ်မြေနှင့် ဘလောက်အုတ် များကို (၁၀-၈-၂၀၁၇)ရက်နေ့တွင် ခရိုင်/မြို့နယ် ဥက္ကဌနှင့်ပါတီမှသွားရောက်လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး ဦးသန်းထိုက်က လက်ခံရယူခဲ့ပါသည်။

တာချီလိတ်ခရိုင်/မြို့နယ်ပါတီမှ ဘလောက်အုတ်၅၀၀လုံး၊ ဦးစိုင်းအုံးပွင့်+ ဒေါ်တင်မေထွန်း (ဗဟိုပါတီကော်မတီဝင်) မိသားစုတို့က ဘိလပ်မြေ(၂၀)အိတ်တို့ကို လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်ပါတီ ဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဦးစိုင်းသန်းဝင်း ဦးဆောင်သည့်အဖွဲ့ တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ် ကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

 

တန့်ယန်းမြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ်ပါတီ ဥက္ကဌ (ဗဟိုအလုပ် အမှုဆောင်) ဦးစိုင်းသန်းဝင်း ဦးဆောင်သည့် ပြည်နယ် /ခရိုင်ပါတီကော်မ တီဝင်အဖွဲ့တို့သည် ယနေ့ (7-8-2017)ရက်နေ့ (0945)နာရီအချိန်တွင် တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံပြီး ပါတီဝင်များစိစစ်ခြင်းလုပ်ငန်း ပါတီဝင်အသစ် များ တိုးပွားရေး၊ ပါတီဝင်နှစ်စဉ်ကြေးများ စနစ်တကျကောက်ခံရရှိရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ကော်မတီဝင် များ၊ စည်းရုံးရေးမှူးများနှင့် ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ပါ သည်။

ရှေ့တန်းပြန်စစ်သည်များအား ကြိုဆိုခြင်း

 

(၇-၈-၂၀၁၇) နေ့လည် (၁) နာရီတွင် တာချီလိတ်မြို့ ခမရ (၃၃၁) ခြေမြန် တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ဇော်တေဇထွေး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝဏ္ဏကျော်နှင့် အရာရှိ စစ်သည် များသည် ရှေ့တန်းစစ်မျက်နှာ အောင်မြေ (၂) ဒေသဖြစ်သော ကျထီနာ့၊ လွယ်ခမ်းချုံ ဒေသတွင် (၁)နှစ်(၄) လနှင့် (၇) ရက်ကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းမှ မိခင် တပ်ရင်းသို့ ပြန်လည်ဝင်ရောက်လာရာ တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဘိုစံ၊မြို့နယ် ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ကော်မတီဝင်များ၊ ပါတီဝင် အမျိုးသား အမျိုးသမီး လူငယ်များမှ အောင်သပြေ၊ နှင်းဆီပန်း များနှင့် သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

ပြည့်သူ့အကျိုးပြု ကွင်းဆင်းဆောင်ရွက်ခြင်း

 

(၈-၈-၂၀၁၇)ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေ ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်အင်အား(၂၀)ဦးတို့သည် တာလေမြို့နယ်သို့ ကွင်းဆင်းသွားရောက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင် ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ(အ.မ.တ-ပန်ဟတ်)ကျောင်းအုပ်ဆရာကြီး ဦးသန်းထိုက်၏ အကူအညီတောင်းခံထားသည့် စာသင်ကျောင်းခန်း ရေစိမ့်ဝင်နေ၍ ရေတားအုတ်တံတိုင်းလိုအပ်နေခြင်းကို စတင်ကြည့်ရှု့ပြီး ကူညီပေးနိုင် ရေး ကိစွများကို ညှိနှိုင်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တက်ရောက် အမှာစကားပြောကြား

ယ​နေ့ (၉.၈.၂၀၁၇) ရက်နေ့ ရှမ်းပြည်​နယ်​(​ (မြောက်​ပိုင်း) ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လာရှိုးမြို့တွင်​ ကျင်းပ​သော (၂၀၁၇) ခုနှစ်​ ဒုတိယ (၃) လပတ်​လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး၌ ပြည်​ခိုင်​ဖြိုးပါတီ ဗဟို အတိုင်​ပင်​ခံ ရှမ်းပြည်နယ် (မြောက်ပိုင်း)နယ်မြေ တာဝန်ခံ ဦးအောင်းသန်းထွဋ်​ တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့ကြောင်း သိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှု့ဆောင် ( ပါတီ လုပ်ငန်းစီစစ်ရေးဥက္ကဋ္ဌ)နှင့်တွေ့ဆုံပွဲ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုင်းတုံမြို့၊ (၁၂.၅.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပ ပြုလုပ်သောဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင် (ပါတီလုပ်ငန်းစီစစ်ရေးဥက္ကဋ္ဌ)နှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ နှင့် ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်၊ မိုင်းဖြတ်ခရိုင်၊ တာချီလိတ် ခရိုင်တို့မှ ခရိုင်ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များနှင့် ကျိုင်းတုံမြို့နယ် ဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဦးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် ပါတီခရိုင်ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကြောင်း ကနဦးသတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အစည်းအဝေးခန်းမတွင် မေလ (၉) ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးမှ ချမှတ်လိုက်သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အိမ်မဲမြို့နယ် ကရင်စာပေသင်တန်းဆင်းပွဲသို့ မြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး တက်ရောက်အားပေး

 

အိမ်မဲမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ဦးစီးကော်မတီ က ကျင်းပသည့် နွေရာသီ ကရင်စာပေသင်တန်း ဆင်းပွဲ ကို ၂၀၁၇ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့ ည ၇ နာရီအချိန်က အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ပေပင်စုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဇွဲမာန်လွင် နှင့် ဘဏ္ဍာရေးမှူး မန်းကြည်စိုးမင်း အရံ ကော်မတီဝင် မန်းသန်းဦး မန်းညွန့်ဦး မန်းဝင်းကို မန်းအောင်ကိုကို နှင့် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင် ကရင် တိုင်းရင်းသားများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ မိုင်းဆက် မြို့နယ် ရဲစခန်း၏လက်ရှိအခြေအနေ ရဲတပ်ဖွဲ့ဝင် အင်အားဖွဲ့စည်းပုံ၊ အဆောက်အဦး လိုအပ်ချက်များ ဆွေးနွေးတင်ပြ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယသည် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များလိုက်ပါ၍ မေလ (၄) ရက်နေ့က မိုင်းဆတ်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ခဲ့ရာ စခန်းရှိ မြို့နယ်မှူး ရဲမှူး အောင်နိုင်ရွှေ၊ စခန်းမှူး ဒုရဲမှူး သန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြသည်။