ချို့တဲ့ကျေးရွာများအတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများ လှူဒါန်းခြင်း

 

တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် အလုပ်အမှူဆောင် (ဗဟိုကော်မတီဝင်) ဒေါ်တင်မေထွန်းမှ ကျောင်းသား ကျောင်းသူ (၂၂) ဦးအတွက် ကျောင်းဝတ်စုံ အဖြူအစိမ်းအစုံ (၂၂) စုံ၊ နဂါးနှစ်ကောင်ကျောင်းမှ ဦးဇင်း ဦးအဂ္ဂစိတ္တ (တုဆန်း)မှ စာအုပ်၊ ခဲတံ၊ ပေတံနှင့် ခဲဖျက်အစုံ (၂၂) စုံတို့အား ယနေ့ (၂၀-၅-၂၀၁၇) ရက်နေ့တွင်
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပေးအပ်လှူဒါန်းရာ တာလေမြို့နယ်၊ နားယောင်းအုပ်စု၊ မိုက်ဟုန်ဆန်ခါကျေးရွာမှ ကျေးရွာသူကြီးနှင့်ရပ်မိရပ်ဖ များနှင့် ကျောင်းသားကျောင်းသူများမှ လက်ခံရယူခဲ့ပြီး မူလတန်း ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများအား ခရိုင် ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်
ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်ငြိမ်း အောင်၊ ဦးခင်မောင်ထွန်း၊ ဦးစိုးကျော်အောင်နှင့် ဦးဘိုဘိုမောင် (အရံ ကော်မတီဝင်) တို့မှ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါ သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)