အိမ်မဲမြို့နယ် ကရင်စာပေသင်တန်းဆင်းပွဲသို့ မြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး တက်ရောက်အားပေး

 

အိမ်မဲမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ဦးစီးကော်မတီ က ကျင်းပသည့် နွေရာသီ ကရင်စာပေသင်တန်း ဆင်းပွဲ ကို ၂၀၁၇ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့ ည ၇ နာရီအချိန်က အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ပေပင်စုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဇွဲမာန်လွင် နှင့် ဘဏ္ဍာရေးမှူး မန်းကြည်စိုးမင်း အရံ ကော်မတီဝင် မန်းသန်းဦး မန်းညွန့်ဦး မန်းဝင်းကို မန်းအောင်ကိုကို နှင့် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင် ကရင် တိုင်းရင်းသားများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းဆင်းပွဲ၌မြို့နယ် အတွင်းရေးမှူးမှ မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ဦးစီးကော်မတီဝင်များဖြစ်သည့် ဥက္ကဌ မန်းခင်မောင်ဝင်း ဒုဥက္ကဌ မန်းဖုန်းနိုင် အထွေထွေ အတွင်းရေးမှူး မန်းညှက်ပိန် တွဲဘက်အတွင်းရေးမှူး မန်းသန်းယု ကရင်လူငယ်အမျိုးသားတာဝန်ခံ စထိန်လင်းအေး ကရင်လူငယ် အမျိုးသမီးတာဝန်ခံ နန့်ဖြူဖြူဝင်း တို့နှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း။

ထိုသို့တွေ့ဆုံရာ၌ မြို့နယ် အတွင်းရေးမှူး က —–

“”” ကျွန်တော့်အနေနဲ့ မြို့နယ်အတွင့်မှာ အခုလို ကရင်ယဉ်ကျေးမှုပွဲတော်ကို တက်ရောက်ရတိုင်း မေ့မရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို အရမ်းသတိရပါကြောင်း ၊ ထိုပုဂ္ဂိုလ်မှာ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားများ ရဲ့ အထင်ကရ
ခေါင်းဆောင်တစ်ဦးဖြစ်သလို ကျွန်တော်တို့ အိမ်မဲ ပြည်ခိုင်ဖြိုးရဲ့ ခေါင်ဆောင် ကျွန်တော့ရဲ့ဆရာအရင်း ကျွန်တော့ရဲ့ မွေးစားအဖေ ဆရာမန်းနယ်လ်ဆင် ဘဲဖြစ်ပါကြောင်း ၊ ဆရာမန်းနယ်လ်ဆင်ဟာ ကရင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ အဖြစ်ဆောင်ရွက်ရင်း သဲချောင်ရွာမှာ ကွယ်လွန်ခဲ့ခြင်းဖြစ် ကြောင်း ဆရာကြီး သက်ရှိထင်ရှားရှိစဉ်က ကရင်စာပေနဲ့ ပတ်သက်ပြီး
အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ပင် ကရင်စာပေကို သင်ကြားပေးခဲ့ရ ကြောင်း အိမ်မဲပြည်ခိုင်ဖြိုးအသင်း တွဲအတွင်းရေးးမှူး အိမ်မဲပြည်ခိုင်ဖြိုးပါတီ ရဲ့ ပထမဆုံး မြို့နယ်အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း။

ဒါအပြင် ယနေ့ နိုင်ငံတော်က လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ စနစ်ဖြစ်ပေါ် လာဖို့ အဓိကျတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာမှာလည်း အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားများ ကိုယ်စား အမျိုးသားညီလာခံ
ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ။

ဒါကြောင့် အိမ်မဲမြို့နယ် မှာ ကရင်စာပေနဲ့ယဉ်ကျေးမှု ဦးစီးကော်မတီရယ်၊ ကရင်တိုင်းရင်းသားတွေရယ်၊ ဆရာမန်းနယ်လ်ဆင် ရယ်က ခွဲခြားမရသလို အိမ်မဲ ပြည်ခိုင်ဖြိုးရယ် ဆရာမန်းနယ်ဆင်ရယ် ကျွန်တော်ရယ်ကလည်း အတူတူဘဲဆိုတာ အားလုံးအသိဘဲ ဖြစ်ပါကြောင်း။

အိမ်မဲမြို့နယ်မှာ ကရင်စာပေယဉ်ကျေးမှုကော်မတီနဲ့ ပြည်ခိုင်ဖြိုးကို ခေါင်းဆောင်တစ်ဦးတည်းက ဦးဆောင်ခဲ့လို့ ပြည်ခိုင်ဖြိုးနဲ့ ကရင်စာပေ ယဉ်ကျေးမှုကော်မတီက ညီနောင်တွေဘဲ ဖြစ်ပါကြောင်း လက်ရှိ ကရင်စာပေ
ယဉ်ကျေးမှုရုံးကို ဖွင့်လှစ်နိုင်ဖို့ကိုလည်း လက်ရှိပါတီဥက္ကဌ ဦးခင်မောင်ဝင်း မြို့နယ်မြေစာရင်း ဦးစီးတာဝန် ရှိစဉ်က မြေနေရာရရှိရေး ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်တာ အားလုံးအသိဘဲဖြစ်ကြောင်း ဆက်လက်ပြီး ရုံးအဆောက်အဦ ပီပြင်စွာ ဖြစ်ပေါ် လာရေးအတွက်လည်း ပြည်ခိုင်ဖြိုး က ကာယ ဥာဏ
စွမ်းအားများနဲ့ အစွမ်းကုန် ဆက်လက်ကူညီသွားမယ်လို့ ပါတီ ဥက္ကဌ ကိုယ်စား ပါတီဝင်များ ကိုယ်စားပြောကြားလိုကြောင်း ။

ရှေ့ဆက်ပြီးတော့ အိမ်မဲမြို့နယ်အတွက် ပြည်ခိုင်ဖြိုးရယ် ကရင့်စာပေ ယဉ်ကျေးမှုကော်မတီရယ် လက်တွဲပြီး ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားများ အကျိုး ပြည်သူများအကျိုးကို သွေးစည်းစွာနဲ့ ထာဝရ ဖော်ဆောင်သွားကြရ မည်ဖြစ်ကြောင်း”””စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

အဲ့ဒီနောက် မြို့နယ်အတွင်းရေးမှူးက ဖျော်ဖြေရေး ကရင် ဒုံး အကအဖွဲ့အား ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်းများ ကရင်စာပေ သင်ကြားပေးသည့် ဆရာ/မများ အား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းများ ကရင့်အမျိုးသားသီချင်း စုပေါင်း သီဆိုခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရှိပါသည်။

USDP Einme