သံတမန်ဆက်ဆံရေးထက် ပိုလွန်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ထိန်းသိမ်း အားဖြည့်သွားမည် ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌပြော

 

တရုတ်ပြည်သူ့  သမ္မတနိုင်ငံအား သံတမန်ဆက်ဆံရေးထက် ပိုလွန်သည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထိန်းသိမ်း အားဖြည့်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်      ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ယနေ့  ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း မိသားစုမှ နေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အ၀တ်အထည်များ ပေးအပ်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်းနှင့်ဇနီး ဒေါ်ထွေးထွေးညွန့် မိသားစုမှအစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အမျိုးသားဝတ်လုံခြည် အထည် (၁၀၀၀) နှင့် အမျိုးသမီးဝတ်လုံခြည် အထည် (၁၀၀၀) တို့အား ၆-၉-၂၀၁၇ ရက်နေ့ တွင် နေပြည်တော်  တိုင်းစစ်ဌာနချုပ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဧည့်ခံပွဲကို နေပြည်တော်ရှိပါတီဌာနချုပ် ညီလာခံ       ခန်းမ၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တရုပ်ကွန်မြူနစ်ပါတီ နိုင်ငံတစ်ကာဆက်ဆံရေးဝန်ကြီးH.E Mr.Song Tao အား နံနက်(၁၀:၃၀) အချိန်တွင် ဌာနချုပ် ဧည့်ခန်းမတွင်​ လက်ခံတွေ့ ဆုံခဲ့ပါသည်​။


ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာ အောင်မြတ်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ လူငယ်ရေးရာတာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့ (၂၂-၅-၂၀၁၇) နေ့လည်ပို်င်းတွင် ပါတီဌာနချုပ်၌ ကျင်းပပြုလုပ်လျက်ရှိသည်။

တွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာ အောင်မြတ်ဦး၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ ဦးလှထွန်းဦး၊ ဒေါ်နီနီမာ နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ လူငယ်ရေးရာ တာဝန်ခံများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ပါတီ၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေသည့် မမှန်မကန် ထုတ်လွှင့်ဖော်ပြမှုအား အရေးယူဆောင်ရွက် ပေးရေးကိစ္စ


ပြည်​ခိုင်​ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲတိုက်​ရိုက်​ထုတ်​လွှင့်​မှု


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ချက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး (၂/၂ဝ၁၇)ဒုတိယနေ့ ဆက်လက်ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၇) အစည်းအဝေးဒုတိယနေ့ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌများ၊ ဌာနကြီးများ၏တာဝန်ခံများ၊ ရေးရာကော်မတီတာဝန်ခံများနှင့် တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စအခြေအနေများကို တင်ပြကြသည်။ တင်ပြချက်များအပေါ် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့က လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြော ကြားကာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အစည်းအဝေးပြီးဆုံးခဲ့သည်။
အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပါတီဥက္ကဋ္ဌ၏အမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်များကို သီးခြားဖော်ပြထားပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua မှ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမသို့ မေလ (၃) ရက် နံနက် ၁ဝ နာရီက လာရောက်တွေ့ဆုံခဲ့သည်။

 

(more…)