ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr. Wang Weiguang ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr.Wang Weiguang ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲ၌ နေပြည်တော်ပါတီဌာနချုပ်ဧည့်ခန်းမ (၁) တွင် လက်ခံတွေ့ဆုံခဲ့သည်။

” နိုင်ငံရေးပါတီ (၂၄) ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက် “


ကရင်နှစ်သစ်ကူးပွဲတော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေးပို့သည့်သဝဏ်လွှာ


လီဆူစာပေ နှစ် (၁၀၀) ပြည့်ပွဲတော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌကြီး ဦးသန်းဌေးမှ ပေးပို့သည့် သဝဏ်လွှာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂ဝ၁၇) ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၄

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ (၄/၂ဝ၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
အစီအစဉ်အရ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဌာနကြီးများ၊ ရေးရာ ကော်မတီများ၊ ဗဟိုလုပ်ငန်းအဖွဲ့အစည်း၊ လွှတ်တော်ရေးရာတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၇) ဆုံးဖြတ်ချက်များမှ ကောက်နှုတ်ချက်များ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂ဝ၁၇)ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၄/၂ဝ၁၇) ကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၇) ဆုံးဖြတ်ချက်များကို အတည်ပြုသည်။ ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အဆုံးအဖြတ်ရယူလိုသည်များနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၄ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှုမရှိဟုပြောဆိုခဲ့ခြင်းအပေါ် ကော်မရှင်မှ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အား ခေါ်ယူဆွေးနွေး

ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်များအပေါ် ယုံကြည်မှုမရှိကြောင်း ပြောဆိုခဲ့ခြင်းအပေါ် ရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံနှင့် ဌာနချုပ်လူငယ်များအဖွဲ့ ၊ ပျဉ်းမနားမြို့  ရွှေမင်းဝင်တောင်ဆရာတော်ကြီးအား ဖူးမျှော်ကာ နဝကမ္မလှူဒါန်း

ဒီဇင်လဘာ (၈) 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ဦးအောင်တင်မြင့် (ဦးက္ကန္ဒောဘာသ) သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန် တွင် ဌာနချုပ်လူငယ်များနှင့်အတူ နေပြည်တော် ပျဉ်းမနားမြို့  ရွှေမင်းဝံတောင်တော် စိန္တာမုနိကျောင်းတိုက်ကြီး ဦးစီးပဓါနနာယက ဆရာတော်အရှင်စန္ဒိမာသာရအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa၊ မြန်မာနိုင်ငံအခြေစိုက် Myanmar New Power International Co.,ltd ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းနှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် လာရောက်တွေ့ဆုံခဲ့သည်။