စေခိုင်းနိုင်သော Zenbo အမည်ရှိ စက်ရုပ်ငယ်ကို 599 ဒေါ်လာဖြင့် ရောင်းချရန် စီစဉ်

13321834_996586940455592_5526576812426254456_n

စေခိုင်းနိုင်သော Zenbo အမည်ရှိ စက်ရုပ်ငယ်ကို 599 ဒေါ်လာဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း Asus မှ ပြောကြားသည်။

အဆိုပါစက်ရုပ်မှာ ကလေးငယ်များနှင့်ဆော့ကစားခြင်း၊ ပုံပြင်များပြောပြခြင်း၊ အိမ်မှုကိစ္စများကို စီမံခန့်ခွဲခွဲပေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များ အားဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် ကမ္ဘာတစ်ဝန်းသို့ ရောင်းချသွားမည်ဖြစ်ကြောင်း Asus ၏ Chairman ဖြစ်သူ Mr.Johnny က ပြောသည်။

5,000mAh ဘက်ထရီပါဝင်သော Acer Liquid Zest Plus စမတ်ဖုန်းကို ဇူလိုင်လတွင် ရောင်းချမည်

gsmarena_002_2

ပြီးခဲ့သည့်လက Acer မှ တရားဝင်မိတ်ဆက်ပေးခဲ့သော Liquid Zest Plus စမတ်ဖုန်းကို ဇူလိုင်လတွင် ရောင်းချမည်ဟု သိရသည်။ အဆိုပါ စမတ်ဖုန်းကို အမေရိကန်တွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။

Liquid Zest Plus တွင် quad-core 1.3GHz Cortex-A53 CPU နှင့် Mali-T720 GPU တို့ပါဝင်သော MediaTek ၏ MT6735 chipset ကို အသုံးပြုထားသည်။

LG 42” Full HD Slim LED TV

13307482_10153698238560847_4363794997545892253_n

LG အမှတ်တံဆိပ် ၄၂ လက်မအရွယ် Full HD Slim LED TV ဖြစ်သည်။ Triple XD Engine အမျိုးအစားဖြစ်သောကြောင့် ရုပ်ထွက်ကောင်းမွန်ပြီး Metallic Design ဖြင့် တည်ဆောက်ထားသည်။

2.0 CH Speaker System ဖြစ်သောကြာင့် အသံထွက်ကောင်းမွန်မည် ဖြစ်သည်။ Motion Eco Sensor ပါဝင်သောကြောင့် မီးအားစားလည်း သက်သာစေမည် ဖြစ်သည်။

ဖုန်းဘက်ထရီရဲ့ သက်တမ်းကြာရှည်ဖို့  ရိုးရှင်းတဲ့ နည်းလမ်းအချို့

Battery

ဖုန်းကို မျှတစွာ အားသွင်းခြင်းဟာ သင်ဖုန်းဘက်ထရီ အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အိမ်ပြန်ရောက်ပြီး ဖုန်းကို ပလပ်ထိုး အားသွင်းပြီး မနက် အိပ်ရာထမှ ဖုန်းအားသွင်းခြင်းကို ရပ်နားလိုက် တာဟာ ကောင်းသော နည်းလမ်းတော့ မဟုတ်ပါဘူး ထို့ ကြောင့် အကြံပေးချက်များစွာ ရှိသည့် အထဲက သင့်ဖုန်း အတွက် အသုံးဝင်မယ့် အချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

iPhone ကို ကားသော့ကဲ့သို့ အသုံးပြုနိုင်မည့် မူပိုင်ခွင့်တစ်မျိုးကို Apple လျှောက်ထား

ပြီးခဲ့သည့် အင်္ဂါနေ့က Apple သည် “အလွယ်တကူ သယ်ဆောင်နိုင်သော ထုတ်ကုန်များ အသုံးပြု၍ ကားကို အသုံးပြုခြင်း” ဟု အမည်ပေးထားသော မူပိုင်ခွင့်ကို ရရှိခဲ့သည်။

မိုဘိုင်းငွေကြေးစနစ် တစ်ခု စတင်နိုင်ရန်စီစဉ်

13239296_993501120764174_1842228309752297027_n

မိုဘိုင်းငွေကြေး ဝန်ဆောင်မှုစနစ်တစ်ခုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နှင့် ပြည်တွင်းတွင် ထိုင်းနိုင်ငံ လုပ်ငန်းခွဲ အနေဖြင့် လာရောက်လုပ်ကိုင်နေသော True Money Myanmar တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစနစ်ကို မကြာမီ မိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။“ လုပ်နေတာကတော့ ၂ လ၊ ၃ လလောက် ရှိနေပါပြီ။ target ကတော့ နောက် ၃ လလောက်အတွင်း ထားပေမယ့် အခြေအနေကိုတော့ စောင့်ကြည့်နေတာမို့ သေချာတော့ ပြောလို့မရပါဘူး။ ဆော့ဖ်ဝဲပိုင်း၊ နည်းပညာပိုင်းကျတော့ true ဘက်ကများပါတယ်။

Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည် ဟုဆို

13244668_1015385625165901_1788700091750695801_n

Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ အမှုဆောင် အရာရှိချုပ် Mr Rene Meza က ပြောသည်။ Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ၀န်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီ ဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည် ဖြစ်ကြောင်း ဆိုသည်။

Apple Pencil

13237668_1394378610588180_2606090279313522061_n

Apple မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Stylus Touch Pen ဖြစ်သည်။ Pressure-sensitive အမျိုးအစား Touch Pen ဖြစ်ပြီး ပုံဆွဲခြင်းအတွက် လိုသလို ဖိ၍ ရေးဆွဲခြင်း၊ ခပ်ဖွဖွ ဖော့၍ရေးဆွဲခြင်း အစရှိသည်ဖြင့် အသုံးပြု ရေးဆွဲနိုင်မည်ဖြစ်သည်။ ပန်းချီဆွဲခြင်း၊ ခဲခြစ်ပုံဆွဲခြင်းများကို ခဲတံဖြင့် ရေးဆွဲသကဲ့သို့ သဘာဝကျကျ ကိုင်တွယ် ရေးဆွဲနိုင်မည် ဖြစ်ပြီး ကိုင်တွယ်ရေးဆွဲခြင်းအတွက် လက်နှင့် အံဝင်ခွင်ကျရှိသည့်အပြင် ပေါ့ပါးမှုရှိမည်ဖြစ်သည်။

Myanmar Set Dream မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေ

13244800_990053067775646_456915152906620790_n

Myanmar Set Dream မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း မေ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရသည်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုနှင့်ပတ်သက်၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ Programming Contest ပြုလုပ်မည်

13254449_10207077985167890_4755819806930902290_n

၂၀၁၅-၂၀၁၆ ပညာသင်နှစ် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ Practice ACM-ICPC Programming Contest (UIT-Myanmar) ပြိုင်ပွဲကို မေလ ၂၂ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် Room 511 နှင့် Room 512 တို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။