စေခိုင်းနိုင်သော Zenbo အမည်ရှိ စက်ရုပ်ငယ်ကို 599 ဒေါ်လာဖြင့် ရောင်းချရန် စီစဉ်
စေခိုင်းနိုင်သော Zenbo အမည်ရှိ စက်ရုပ်ငယ်ကို 599 ဒေါ်လာဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း Asus မှ ပြောကြားသည်။
အဆိုပါစက်ရုပ်မှာ ကလေးငယ်များနှင့်ဆော့ကစားခြင်း၊ ပုံပြင်များပြောပြခြင်း၊ အိမ်မှုကိစ္စများကို စီမံခန့်ခွဲခွဲပေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များ အားဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် ကမ္ဘာတစ်ဝန်းသို့ ရောင်းချသွားမည်ဖြစ်ကြောင်း Asus ၏ Chairman ဖြစ်သူ Mr.Johnny က ပြောသည်။
“ကျွန်တော်တို့ရည်မှန်းချက်က အိမ်မှုကိစ္စဆိုင်ရာဆောင်ရွက်ချက်အားလုံးကို Robotic computing အဖြစ်နဲ့ အသုံးချနိုင်ဖို့ပါ” ဟု ပြောကြားသည်။
ယင်းစက်ရုပ်ငယ်ကို ထိုင်ဝမ်တွင် ယနေ့စတင်ပြုလုပ်နေသည့် Zenvoluatin အခမ်းအနားတွင် မိတ်ဆက်ပြသခဲ့ခြင်း ဖြစ်သည်။ Zenbo အနေဖြင့် အထက်ပါအချက်များအပြင် အခြားဆောင်ရွက်ချက်များကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရောင်းချသွားမည့်အချိန်ကို အတိအကျ မသိသေးပေ။
-Ref; internetjournal