လေးဘက်နာ အတွက် ဆေးကောင်းတစ်လက်

လေးဘက်နာ၊ အဆစ်မြစ်နာ နှင့် အကြော ရောဂါ များအတွက် သဘာဝ ဆေးနည်း ကို မျှဝေပေးလိုက်တယ်။

ဆေးနည်း

(၁) ရှောက်သီး တစ်ခြမ်း ကို ထမင်း စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။

(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက် စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။

” သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး “

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

ဝက်ခြံပျောက်နည်းနဲ့ ကာကွယ်နည်း

ဝက်ခြံ အမာရွတ်တွေကြောင့် စိတ်ညစ် နေပါသလား။ ချောမွတ်ကြည်လင်တဲ့အသားရေကို ပိုင်ဆိုင်လိုပါ သလား။ မျက်နှာပေါ်တွင် အမာရွတ်တွေကြောင့် အလှပျက်မှာ စိုးရိမ်နေသူတွေ အတွက် သဘာဝ ပစ္စည်းတွေနဲ့ အမာရွတ် လျော့ပါးစေမယ့် နည်းတွေကို ရေးသား လိုက်ရပါတယ်။

ကြက်သွန်ဖြူ မီးကင်ပြီးစားသုံးပေးခြင်းရဲ့ အကျိုးကျေးဇူးများ

ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတစ်ခုပါ။ ကြက်သွန်ဖြူမှာပါဝင်တဲ့ သဘာဝ ဂုဏ်သတ္တိ တွေဟာ ရောဂါများစွာကို ကုသပေးနိုင်ပြီး ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ် မှာ ကျယ်ကျယပြန့်ပြန့်အသုံးပြု နေကြပါတယ်။

ကိုလက်စထရောပမာဧကို လျှော့ချပေးပါတယ်။ မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ်စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူ ပြုနေပါတယ်။

ပန်းသီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူး

ပန်းသီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ နှလုံးနှင့် ဆက်စပ်ရောဂါ လျော့ချပေးခြင်း။

၂။ အူလမ်းကြောင်း ရှင်းလင်းပေးခြင်းနှင့် အစာခြေဖျက်အား ကောင်းမွန်စေခြင်း။

၃။ အဆီပိုများ ဖယ်ရှားပေးခြင်း။ (ဝိတ်ကျလိုသူများ သောက်သုံးသင့်ခြင်း)

၎။ ကောင်းမွန်သော အာဟာရဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ခြင်း။

အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း

ပန်းမုန်လာစိမ်း (Broccoli) မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။

အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ Osteoarthri tis, OA ရောဂါဟာအဆစ်အမြစ်တွေရဲ့ အရိုးနု Cartilage ပျက်စီးယိုယွင်းခြင်းကြောင့် ဖြစ်လာရတာဖြစ်ပြီးအဆစ်အမြစ် နာကျင်ခြင်းနဲ့ လှုပ်ရှားမှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ရတာကို လေ့လာရပါတယ်။ ဒီမှာ အဆစ်အမြစ် ရောင်ရောဂါအတွက် အဆစ်အစားထိုးကုသမှုတွေက ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် စရိတ်စက ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါသေးတယ်။

ဖရဲသီး အခွံ ဟာလဲ အစွမ်းထက်တဲ့ သဘာဝ ဆေး တစ်လက်ပါ

ဖရဲသီး အခွံ ဟာလဲ အစွမ်းထက်တဲ့ သဘာဝဆေး တစ်ခုဖြစ်နေလို့ပါ… လွင့်မပစ်သင့်သော ဖရဲသီး အခွံ…. လူတော်တော်များများဟာ ဖရဲသီး ကို အတွင်းသားလေးတွေ ကွက်ပြီးလှီးပြီး တဲ့အခါမှာ အကျိုးပြု ဗိုက်တာမင် များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်သော ကျန်နေတဲ့ အခွံ နဲ့ အဖြူသားတွေကို လွင့်ပစ်လိုက်ကြတာ များပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ရုံးပတေသီးရဲ့ အကျိုးကျေးဇူးများ

ကင်ဆာ
ရုံးပတေသီးမှာ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ သူ့မှာ Lection (ပရိုတင်းအမျိုးအစား တစ်ခု ဖြစ်ပြီး ဆဲလ်နံရံတွေကို အားကောင်းစေ) ဓာတ်ပါဝင်ပြီး ကင်ဆာဆဲလ်တွေ အထူးသဖြင့် ရင်သားမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ရင်သားမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေက သက်တမ်းနုသေးတယ်ဆိုရင် ၇၂ ရာခိုင်နှုန်းလောက် သေစေနိုင်ပါတယ်။

အဆီလောင်ကျွမ်းစေနိုင်တဲ့ ငှက်ပျောသီးဖျော်နည်း

ငှက်ပျောသီး စားခြင်းဟာ ကိုယ်အလေးချိန် ထိန်းနေစဉ်မှာတောင် စားလို့ ရနေတာဟာ ကံကောင်းတယ်လို့ ဆိုရပါမယ်။

ငှက်ပျောသီးဟာ ဗိုက်ပြည့်လွယ်ပြီး အာဟာရလည်း ဖြစ်စေတာ မို့ အစားရှောင်နေတဲ့ ကာလတွေမှာ စားလို့ရတဲ့ အသီးအနှံထဲ ပါဝင်ပါတယ်။ သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဟာ အကျိုးပြုစေပြီး မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်း စေနိုင်ပါတယ်။

ကွာစေ့စားရင် ဒီလိုကောင်းကျိုးတွေ ရမယ်

ကွာစေ့ဆိုတာ တကယ်တော့ ဖရဲသီးစေ့ကို လှော်ထားတာပါပဲ။ ဖရဲသီးစားရင် အစေ့ကိုတော့ လွှင့်ပစ်ကြပေမဲ့ ကွာစိအနေနဲ့ကျတော့ ပြန်ဝယ်စားကြပြန်ရော။ ကွာစေ့စားတာကလည်း လူကို ကောင်းကျိုးဖြစ်စေပါတယ်။

၁။ အမိုင်နိုအက်ဆစ် (Amino Acid)တွေ ပါဝင်ပြီး အာဂျင်နိုင်း၊ ဂလူတမစ်အက်ဆစ်၊ Lysine ၊ tryptophan တို့လို အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး နှလုံးကို ကျန်းမာ စေပါတယ်။