Billboard အယ်လ်ဘမ်ဇယား ထိပ်ဆုံးကို ရောက်ရှိလာတဲ့ နာမည်ကျော် Metallica အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်

နာမည်ကျော် ဟဲဗီးရော့ခ်ဂီတအဖွဲ့ Metallica ရဲ့ အယ်လ်ဘမ်အသစ်ဟာ R&B အဆိုတော် Bruno Mars နဲ့ ကျေးလက်အဆိုတော် Miranda Lambert တို့ရဲ့ အယ်လ်ဘမ်တွေကို ကျော်ဖြတ်ပြီး US Billboard အယ်လ်ဘမ် ဇယားရဲ့ ထိပ်ဆုံးနေရာကို ပြီးခဲ့တဲ့ တနင်္လာနေ့က ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

metallica

Metallica အဖွဲ့ရဲ့ ဆယ်ခုမြောက် အယ်လ်ဘမ်သစ် “ Hardwired…to Self_Destruct” ဟာ အချပ်ရေပေါင်း ၂၈၂,၀၀၀၊ သီချင်းပေါင်း ၃၄,၀၀၀ ကျော်ရောင်းချထားရပြီး အွန်လိုင်းမှနားဆင်မှု အကြိမ်ရေဟာလည်း ၉.၃ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း Nielsen SoundScan ရဲ့အဆိုအရ သိရပါတယ်။

Bruno Mars ရဲ့ အယ်လ်ဘမ်သစ် “24k Magic” ဟာတော့ ပွဲဦးထွက်မှာ အယ်လ်ဘမ်အချပ်ရေ ၂၃၁,၀၀၀ ရောင်းချထားရပြီး Miranda Lambert ရဲ့အခွေသစ် “ Weight of These Wings” ဟာတော့ အယ်လ်ဘမ် အချပ်ရေ ၁၃၃,၀၀၀ ရောင်းချထားရကာ အယ်လ်ဘမ်ဇယားမှာ ဒုတိယနှင့် တတိယနေရာ အသီးသီးတို့၌ ရပ်တည်နေကြတယ်လို့ သိရပါတယ်။

# 7 Day Daily


Leave a Reply