ကျောင်းသုံးဗလာစာအုပ်များနှင့် ဆိုလာပြား ဘက်ထရီအိုးဖန်ချောင်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ျြွို့နယ်အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ ဦးအောင်တင့်၊ ဦးရန်မျိုးကျော်၊ ဦးစိုးဦး၊ ဦးကျော်ဟိန်း၊ ဒေါ်လှလှဝင်းနှင့် ညောင်အုပ်ဖီး အုပ်စု၊ကန်အုပ်စု၊ ရိုးစုံအုပ်စုမှ စည်းမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယခုလ ၁ဝ ရက်တွင် ရိုးစုံကျေးရွာအုပ်စု မကျီးအုပ်ကျေးရွာ လက်ထောက်ဆရာတော် ဦးသမိတ်ထံ သွားရောက် ၍ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဦးဥတ္တမ၏ ဈာပန အခမ်းအနားအတွက် အလှူတော်ငွေ ကျပ် ၅ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့သည်။

14292430_647165535452961_5879084238897630843_n

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကြွယ်ကန်ကျေးရွာအုပ်စု စည်တီးကျေးရွာ အခြေခံမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာဆရာမကြီးများထံ ကျောင်းသားတစ်ဦးလျှင် စာအုပ် သုံးအုပ်နှုန်းဖြင့် လှူဒါန်းခဲ့သည်။

ရိုးစုံကျေးရွာအုပ်စု ရိုးစုံကျေးရွာ အခြေခံမူလတန်းကျောင်းတွင် လိုအပ်လျက်ရှိသော ဆိုလာပြား နှင့်ဘက်ထရီအိုး ဖန်မီးချောင်းတို့ကိုလည်း ကျောင်းအုပ်ဆရာမကြီး ထံ ပေးအပ် လှူဒါန်းခဲ့သည်။

Union daily


Leave a Reply