ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ပါတီလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့လိုက်ပါလျက် ယခုလ ၁ဝ ရက် မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီခွဲ အထိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့်မြို့နယ်ခြောက်မြို့နယ်မှ ပါတီကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေးမှူးများ စုစုပေါင်းအင်အား ၄၅ဝ နှင့် တွေ့ဆုံပွဲ အခမ်းအနားကို မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမ၌ ကျင်းပခဲ့သည်။

14292444_428978690610597_211675785017640937_n

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ် ပါတီအသီးသီးမှ ၎င်းတို့မြို့နယ်အတွင်း ဆောင်ရွက်လျက် ရှိသော ပါတီစည်းရုံးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုဆောင်ရွက်ချက်များ၊ ပါတီဝင်အင်အား ကျစ်လျစ်ခိုင် မာရေး ဆောင်ရွက်နေမှုများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံများတို့ကို အကျယ်တဝံ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ ကြသည်။

၎င်းနောက်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ပါတီစည်းရုံးရေး လုပ်ငန်းများ၊ ပါတီဝင်အင်အား တိုးတက်ရရှိရေး လုပ်ငန်းများ၊ လာမည့် ၂ဝ၂ဝ ပြည့်နှစ် ရွေး ကောက်ပွဲအတွက် တိုင်းဒေသကြီးအတွင်း ကြိုးပမ်း ဆောင်ရွက်နေမှုများကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆွေးနွေးရာတွင် ”နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့်အတွက် ပြည်သူ လူထုအတွက် ပြောဆိုလုပ်ကိုင်ဖို့ လိုအပ်ကြောင်း၊ မပြောဘဲနေပါက နှုတ်ဆိတ်သွားမည် ဖြစ်ကြောင်း၊ ပါတီအဆင့်ဆင့်သည် ကွပ်ကဲမှုအနည်းဆုံးဖြင့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်သွားစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရဲရဲတင်းတင်း ဆောင်ရွက် စေလိုကြောင်း၊ တိုင်းပြည်အတွက်၊ အမျိုးဘာသာသာသနာ အတွက်လုပ်ပါက အမှားမရှိ ကြောင်း၊ နိုင်သည့်ဝန်ကို ထမ်းရမည်ဖြစ်ပြီး ဗဟိုကလည်း လိုအပ်တာများကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသည့် မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့အား ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အောင်မြင်မှုများရရှိခဲ့သည့်အတွက် ပါတီဝင်အားလုံးကို ကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်း၊ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့သည် တွေ့ဆုံပွဲအပြီး တက်ရောက်လာသည့် ပါတီကော်မတီ ဝင်များအား နွေးထွေးစွာနှုတ်ဆက်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာ ခဲ့ကြောင်း သိရ သည်။

ကျော်သူရ


Leave a Reply