အသက် ၁ဝဝ နှင့်အထက် သက်ကြီးရွယ်အိုများကိုငွေကျပ်နှစ်သိန်းစီလှူဒါန်း

ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း ဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း နှင့်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးသက်ဝင်းနှင့် ပါတီ ကော်မတီဝင်များသည် ယခုလ ၃ ရက်နံနက် ၉ နာရီကဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်နေ ဒေါ်အေး စိန် ၁ဝ၅နှစ်၊ မင်းကုန်းရပ်ကွက် ဦးကွမ်းအန် ၁ဝ၁နှစ်၊ မြို့မရပ် ကွက်နေ ဒေါ်သက်စီ၁ဝ၁နှစ်တို့ထံ အိမ်တိုင်ရာရောက် သွားရောက်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန် (ငြိမ်း)၏ ရာဇသင်္ဂဟဖောင်ဒေး ရှင်းမှဂါရဝပြုလှူဒါန်းသောတစ်ဦး လျှင်ငွေကျပ် နှစ်သိန်းစီတို့ကိုပေး အပ်လှူဒါန်းခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း၌ အသက် ၁ဝဝ နှင့် အထက်ရှိသူ လူဦးရေမှာ မြစ်ကြီးနားမြို့တွင် နှစ်ဦး၊ ဗန်းမော်မြို့တွင် သုံးဦး၊ မိုးကောင်းမြို့တွင် နှစ်ဦး၊ ဟိုပင် မြို့တွင်နှစ်ဦး၊ရွှေကူမြို့တွင် တစ်ဦး စုစုပေါင်း ၁ဝဦးရှိခဲ့ပြီး မြစ်ကြီးနား မြို့မှဒေါ်ကရိုင်လုပါသည် အသက် ၁၁၆နှစ်ရှိ၍ကချင်ပြည်နယ်အတွင်း အသက်ကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ် ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ


Leave a Reply